23 C
Yangon

ဝန်ထမ်း ၂ ဦးဒဏ်ရာရရှိခဲ့သော ပုလောမြို့နယ် ထွေ/အုပ်ရုံး ဗုံးခွဲခံရမှု အသုံးပြုမရအောင် ရုံး ပျက်စီးသွား၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရုံးဗုံးကွဲပြီး မီး လောင်

Must read

ရန်ကုန်၊ မတ် ၁၅

တနင်္သာရီတိုင်း၊ မြိ တ်ခရိုင်၊ ပုလောမြို့ ရှိ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းဗုံးပေါက်ကွဲမှုကြောင့် ဝန်ထမ်း ၂ ဦးဒဏ်ရာရရှိကာ ရုံးမှာလည်း သုံးမရအောင် ပျက်စီးသွားကြောင်း သိရှိရသည်။

ဗုံးပေါက်ကွဲမှုကြောင့်ဒဏ်ရာရရှိသော ဝန်ထမ်း ၂ ဦးမှာ ဆေးကုသမှု ဆက်လက်ကုသမှု ခံယူနေရဆဲဖြစ်ပြီး ဗုံးပေါက်ကွဲသွားသည့် ပုလောမြို့နယ် ထွေအုပ်ရုံးမှာလည်း သုံးမရအောင် ပျက်စီးသွားကြောင်း ၊အဆိုပါ ဗုံး ဖောက်ခွဲမှုကို ပုလောပြည်သူ့ကာကွယ်ရေး တပ် PPDF နှင့် ပုလောဒေသကာကွယ်ရေး တပ်ဖွဲ့ PRDF တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၅ နာရီခန့်အချိန် ကချင်ပြည်နယ်မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်အုပ်ချူပ်ရေးမှူးတွင် ဗုံး ၂ ကြိမ် ပေါက်ကွဲပြီး ရုံးမီးလောင်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article