24 C
Yangon

ပခုက္ကူမြို့မှ စစ်ကား အစီး ၁၀၀ခန့် ချင်းပြည်နယ် ယောနယ်နှင့် ပေါက်မြို့နယ် ဖက်သို့ ထွက်ခွာလာ

Must read

ရန်ကုန်၊ မတ် ၁၇

မကွေးတိုင်း ပခုက္ကူမြို့မှ စစ်ကား အစီးရေ ၁၀၀ခန့်သည် ယနေ့ မတ်လ ၁၇ ရက်နေ့ နံနက် ၉နာရီ ၁၁မိနစ်တွင် ကမ္မမြို့မှ ဖြတ်သန်းသွားကာ ပေါက်မြို့နယ်နှင့် ချင်းပြည်နယ် ယောနယ်ဖက်သို့ ထွက်ခွာသွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော pakokku city and university news အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

” ဒီနေ့ နံနက် ပခုက္ကူ ပေါက်ဖက်သို့ သွားတဲ့ စခတပ်ဟာ ကမ္မကို ဖြတ်သွားပြီဖြစ်ကြောင်းသိရတယ်။ အစီးရေ ၇၅စီးခန့်ရှိပြီး ၁၂ဘီး တွဲကားတွေရောပါပါတယ်။ ယခု ၉နာရီ ၁၂မိနစ် မှာပဲ ကမ္မကို နောက်ထပ်၂၄စီး ထပ်ဖြတ်ပါတယ်။ စုစုပေါင်း အစီးရေ ၁၀၀ခန့်ရှိပြီး စစ်ကြောင်းထိုးဖို့ဖြစ်နိုင်တယ် ချင်းပြည်နယ် ယောနယ်နဲ့ ပေါက်ဖက်ကို သွားနေတယ်” ဟု pakokku city and university news အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article