30 C
Yangon

ရန်ကုန်တွင် ဘာသာကြီး ၄ ခုမှ လူငယ်များက “အကြမ်း ဖက် စစ်ဘီလူးမိစ္ဆာမင်းအောင်လှိုင် နှင်ထုတ်ပွဲ” ပြုလုပ်

Must read

ရန်ကုန်၊ မတ် ၁၇

ရန်ကုန်ရှိ လူငယ်များက ကိုးကွယ်ရာဘာသာကြီး (၄)ခုအလိုက် ဆုတောင်းမှုများ ပြုကာ လက်နက်အားကိုးဖြင့် ပြည်သူများကို အကြမ်းဖက် နှိပ်စက်ညင်းပန်းနေသည့် စစ်မိစ္ဆာမင်းအောင်လှိုင်ကို ကမ္ဘာမြေကြီးမှ ပျောက်ကွယ်သွားရန်နှင့် တိုင်းပြည်ကြီး အေးချမ်း၍ ပြည်သူအများ ဘေးအန္တရယ်ကင်းစေရန် ဆုတောင်းမေတ္တာပေးပို့သည်။

စစ်အာဏာရှင်များ ယုံကြည်စွာဆောင်ရွက်နေသည့် ဗေဒင်ယတြာ၊ အတိတ်၊ နမိတ်၊ တဘောင်များသည် အကြမ်းဖက်အာဏာရူး မင်းအောင်လှိုင်နှင့် အပေါင်းအပါများ၏ အာဏာတည်မြဲရေးအတွက်သာ ဖြစ်ပြီး တိုင်းပြည်နှင့် ပြည်သူများအပေါ် မေတ္တာထား ကာကွယ်စောင့်ရှောက်ခြင်း အလျဉ်းမရှိပါ။

ထိုကြောင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမူန်း ဆက် လက်တိုက်ပွဲဝင်ကာ စစ်ကျွန်ဘဝ ဒီမျိုးဆက်တွင် နောက်ဆုံး ဖြစ်စေရန် အဓိဌာန် ပြု မေတ္တာပို့သခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article