ရန်ကုန်၊ မတ် ၁၇
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ခြေမြန်တပ်ရင်း ၁၁၅ တပ်ရင်းကို PDF များက ယမန်နေ့ မတ် ၁၆ ရက်နေ့ ညပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း နောင်ချိုPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
နောင်ချိုမြို့ရှိ ခမရ ၁၁၅ တပ်ရင်းအဝင်ဂိတ်ကိုမတ်လ ၁၆ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် PDF များက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် ဂိတ်စောင့် တပ်သား ၁ ဦးသေဆုံးသွားပြီး အခြား ၁ ဦးလည်း ဒဏ်ရာရရှိသွားကြောင်း၊ အပြန်အလှန် ပစ်ခတ်မှု များဖြစ်ပွားခဲ့သော်လည်း PDF များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့ မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားသို့ မိုင်းရှင်းလင်းရေး လာရောက်သော စစ်ကောင်စီတပ်သား ၁၀ ဦးကို မြောင်မြို့နယ် တော်လှန်ရေးတပ် MRA နှင့် Knight Commanders တော်လှန်ရေးညီနောင်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း မြောင်မြို့နယ် တော်လှန်ရေးတပ်က သတင်းထုတ်ပြန်သည်။
ထို့ပြင် မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၉ မိနစ်အချိန် မန္တလေးမှ မိုးကုတ်သို့ တက်လာသော စစ်ကောင်စီကား ၂ စီးကို ပဒေသာရှေ့ထွက် မိုင်း ၃ လုံးခွဲ တိုက်ခိုက်ရာ အရာရှိပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း ဗိုလ်လင်းယုန်အဖွဲ့က သတင်းထုတ်ပြန်သည်။
ထို့ပြင် မတ်လ ၁၇ရက်နေ့ မုံရွာမြို့အတွင်း စစ်ကောင်စီတပ်များ တပ်စွဲထားသော ကန်သာယာနှင့်အ-ထ-က အမှတ်၂စာသင်ကျောင်းတို့တွင်နာနတ်သီးတစ်လုံးစီဖြင့် Unity Force Monywaနှင့်Brother Defense Forceတို့မှလက်ပစ်မိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းကြောင်း၊ အလှူရှင်များအနေဖြင့်လည်း PDF များကို ထောက်ပံ့လှူဒါန်းကြရန် Unity Force Monywaမှ ဗိုလ်အောက်ဆွဲက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားများ။
Photo – Agencies