30 C
Yangon

ခင်ဦး ကုလားလူးရွာနှင့် ရှားလွင်ရွာရှိ ပြည်သူပိုင် နေအိမ် ၁၃၈လုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၁၇

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ကုလားလူးကျေးရွာနှင့် ရှားလွင်ကျေးရွာတို့ကို မတ်လ ၁၆ရက်နေ့ မွန်းလွဲ ၂နာရီ ၃ဝ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ကာ ပြည်သူပိုင် နေအိမ် ၁၃၈လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ရွှေဘို လေ့ကျင့်ရေး ၈မှ Faw ကား ၃စီး အင်အား 100ခန့်ဖြင့် ရောက်ရှိလာကာ ကုလားလူးကျေးရွာနှင့် ရှားလွင်ကျေးရွာ အတွင်းရှိ ပျူစောထီးအဖွဲ့များနှင့် စစ်တပ် သတင်းပေးများက လမ်းပြပြုလုပ်ပြီး ကျေးရွာ ၂ရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် အချက် ၆၀ကျော် ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ပြီး သတင်းပေးနှင့် ပျူစောထီးအဖွဲ့များ လိုက်ပြသည့် ပြည်သူ့ပိုင်နေအိမ်များကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကုလားလူးကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၇၅လုံးနှင့် ရှားလွင်ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၆၃လုံး မီးလောင်ပျက်စီးခဲ့ကာ ဒေသခံပြည်သူ ၁၃၀၀ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“ခွေးတွေက ရွာဘက်လာပီဆိုကတည်းက လက်နက်ကြီးတွေနဲ့ပစ်ခြောက်ထုတ်လိုက်တာ အကုန်ထွက်ပြေးပြီး မကပ်နိုင်တော့မှ ရွာထဲဝင်ပီး ဒလံလိုက်ပြတဲ့အိမ်တွေကိုလိုက်ရှို့သွားတာ ဒလံကသူ့အိမ်ကျအကူးမခံဘူးဗျ ထိုင်စောင့်ရှို့ပြီး ဒလံအိမ်စည်းရိုးကူးတာကို ရေနဲ့လောင်းငြိမ်းထားတာလဲတွေ့ရတယ်လေ သူတို့က PDFကို ချေမှုန်းတာမဟုတ်ဘူးဗျ PDF တွေကိုထောက်ခံနေတဲ့ ပြည်သူတွေကိုအဓိကပစ်မှတ်ထားချေမှုန်းလာတာတွေ့ရတယ် ရွာအဝင်ကင်းစောင့်တဲ့အိမ်မှာဆို လုပ်သေနတ်နှစ်လက် ကင်းစောင့်တဲ့လူတွေသေနတ်ကျန်ရစ်တာကို ခွေးတွေက ကိုင်တောင်ကြည့်မသွားဘူး ဒီတိုင်းပဲထားခဲ့တာ ယူမသွားဘူး ပြည်သူတွေကိုကြောက်စိတ်သွင်းပေးတာ ပြည်သူနဲ့PDFကို စနစ်တကျ သွေးခွဲသပ်သျှိုနေတာ PDFတွေရှိလို့ ရွာကိုမီးရှို့ခံရတယ်ဆိုတဲ့ အသိဝင်ပြီး PDFတွေကို မထောက်ခံရဲအောင် လုပ်နေတာဗျ ကျုပ်တို့ကတော့ရှင်းတယ် ပြန်အိပ်စရာ ပြန်စားစရာ အိမ်လဲမရှိတော့ဘူး ပြတ်ပြတ်ပဲ ဒီထက်တော်လှန်ဖို့ ထောက်ပံ့ကူညီဖို့ပဲရှိတော့တယ်” ဟုဟဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် မတ်လအတွင်း စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ပြီး ခင်ဦးမြို့နယ်အတွင်းရှိ ဒါန်းကုန်း၊ မှန်တော၊ ကျွန်းလည် ၊ သက်ပေး၊ တမုတ် ၊ကုလားလူးနှင့် ရှားလွင် ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃၂၇လုံး ပြာကျ ခဲ့ကည အပစ်မဲ့ပြည်သူ ၂၅၀၀ခန့် အိုးမဲ့အိမ်မဲ့ အဖြစ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article