ရန်ကုန်၊ မတ် ၁၇
ရန်ကုန်မြို့၏ နာမည်ကျော် ကြည့်မြင်တိုင်ညစျေးနှင့် လမ်းသွယ်များအတွင်းမှ ဆိုင်ခန်းများကို စစ်တပ်က လာရောက် ခြိမ်းခြောက်ဖယ်ရှားခိုင်းနေကြောင်း စျေးသူစျေးသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“ကြည့်မြင်တိုင် ဈေးကြီးဘက်မှာ စည်ပင် နဲ့ ရဲ၊စစ်သားတွေပေါင်းပြီး ဈေးသည်တွေကိုဖယ်ခိုင်းနေတာပါ။ သူတို့ပြောတာက ပလက်ဖောင်းကျော်လို့ ဖယ်ခိုင်းတာဆိုပေ့မယ် အတွင်းထဲက ဆိုင်တွေကိုပါ တန်းစီဖယ်ခိုင်းနေတာပါ။ မနေ့က အဲ့လောက် အင်အား မသုံးပေ့မယ် ဒီနေ့ ရဲကားတွေစစ်ကားတွေပါ စည်ပင်နဲ့ပါလာပါတယ်။ သူတို့က အခုဟာက ဈေးသည်တွေကို တစ်ဖက်သတ်ဖိနှိပ်တဲ့ ပုံစံကြီးဖြစ်နေပြီ” ဟု စျေးသူစျေးသားတစ်ဦးက ပြောသည်။
ထို့ပြင် ကြည့်မြင်တိုင် ညစျေးဗိုလ်သူရလမ်းရှိ စျေးဆိုင်များနှင့် ညစျေးရှေ့ရှိစျေးဆိုင်များကိုလည်း စစ်တပ်က ပိတ်ခိုင်းထားပြီး မပိတ်ရင် စစ်တပ်ဖြင့် လာရှင်းမည်ဟု ခြိမ်းခြောက်နေကြောင်း၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ စျေးသည်များကို အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုများလုပ်ဆောင်လာခြင်းဖြစ်ကြောင်း စျေးသူစျေးသားများက ဆိုကြသည်။



