25 C
Yangon

ရှမ်း-ကယားအစပ် ဆောင်ကန်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၁၅ ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ မတ် ၁၇

ရှမ်း-ကယားအစပ်၊ လွိုင်ကော်မြို့နယ်၊ ဆောင်ကန်းကျေးရွာအနီး တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း KNDF ထံမှ သိရှိရသည်။

မတ်လ ၁၆ ရက်တွင် ဆောင်ကန်းကျေးရွာ၊ လယ်ထွန်ကျေးရွာ၊ ပီကင်းကောခူကျေးရွာများဘက်သို့ မိုးဗြဲဘက်မှ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို KA၊ KNDF နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ နံနက် ၃ နာရီမှ ညနေ ၆ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် အမြောက်အများသေဆုံးခဲ့သည်ဟု KNDF တပ်ရင်း ၂ တပ်ဖွဲ့ဝင် ၁ ဦးက ဆိုသည်။

ကရင်နီပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများတွင် စစ်ကောင်စီ တပ်မ ၆၆ မှ စစ်ဝတ်စုံများ၊ သေနတ်များ၊ ကျည်ဘောက်များ၊ ၄၀ မမ ကျည်များ၊ ၆၀ မမ ကျည်များ၊ လက်နက်ငယ်ကျည်ဆံများ၊ ခြင်းကျားများအပါအဝင် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီက အင်အားအလုံးအရင်း၊ လက်နက်ကြီးများ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် ထိုးစစ်ဆင်နေပြီး လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျှက်ရှိသည်။

ဓါတ်ပုံ – KNDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article