25 C
Yangon

စစ်အာဏာရှင်ကို မျိုးဖြုတ်ကြရန် ပြည်သူများကို အင်းစိန်အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများ တိုက်တွန်း

Must read

ရန်ကုန်၊ မတ် ၁၇

စစ်အာဏာရှင်ကို မျိုးဖြုတ်ကြရန် ပြည်သူများကို အင်းစိန်အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများက တိုက်တွန်းပြောဆိုလိုက်ကြောင်း 𝗣𝗕𝗬𝗦𝗖 ( ပုဇွန်တောင်၊ ဗိုလ်တထောင် လူငယ်များသပိတ်ကော်မတီ) က သတင်းထုတ်ပြန်သည်။

အင်္ကျီအဖြူပေါ်တွင် ရေးသားထားသော အဆိုပါတိုက်တွန်းစာတွင် စစ်အာဏာရှင်ကို တော်လှန်ရေး ထောင်ကျနေမှုကို နောင်တလုံး၀ မရကြောင်း၊ ယုံကြည်လေးစားရသည့် ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့သော ခေါင်းဆောင်များနှင့်တစ်ခေတ်တည်း ထောင်ကျရ၁၍ ဂုဏ်ယူမိကြောင်း အစချီပြီး ရေးသားထားသည်။

“စစ်အာဏာရှင်ကို တော်လှန်ရင်း ထောင်ကျတာ ဘယ်တော့မှ နောင်တမရဘူး။ ငါတို့ ယုံကြည်လေးစားတဲ့ အမေစုတို့လို ခေါင်းဆောင်တွေနဲ့ တစ်ခေတ်တည်း ထောင်ကျလို့ ဂုဏ်ယူတယ်။ တိုက်ပွဲဝင်နေတဲ့ ညီအစ်ကိုတွေကို မကူနိုင်တော့တာကိုပဲ ဝမ်းနည်းအားနာတယ်။ ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံသားတစ်ယောက်ရဲ့ အမြင့်ဆုံးတာဝန်ဟာ ဆန္ဒမဲပေးခြင်းပါ။ ကိုယ်တွေလို စစ်တစ်ပိုင်း ဒီမိုကရေစီနိုင်ငံမှာတော့ ဆန္ဒမဲပေးရုံ မကဘူး။ အဲဒီမဲရလဒ်အသက်ဝင်လာဖို့ ကာကွယ်ရမယ့် တာဝန်ပါရှိတယ်။ ငါတို့ အနာဂတ် ၊ ငါတို့မျိုးဆက်အနာဂတ် တစ်တိုင်းပြည်လုံးရဲ့ အနာဂတ်ကောင်းဖို့အတွက် စစ်အာဏာရှင်တွေကို မျိုးဖြုတ်ဖို့ဟာ သမိုင်းပေးတာဝန်ပဲ။ ခေတ်အဆက်ဆက်မှ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းတို့၏ အသက်သွေး ချွေးတို့သည် အချည်းနှီးမဖြစ်စေရ။ ငါတို့ အနာဂတ်ကောင်းဖို့ ငါတို့ ပြည်သူတစ်ရပ်လုံး တိုက်ပွဲဝင်ကြပါစို့။ စစ်အာဏာရှင်စနစ်ဆိုးသည် ငါတို့ တစ်သက်မှာ နောက်ဆုံးအမြစ်ပြတ် မျိုးပြုတ်ရမည်။ အရေးတော်ပုံအောင်ရမည်” ဟု‌ ရေးသားထားသည်။

အဆိုပါ တိုက်တွန်းစာနောက်တွဲတွင် သီးသန့်ထောင်မှ ဦးဘမျိုးသိန်း (ဘ)ဦးအောင်သိန်း တိုက် ၁၂ ခန်း ၁၂၊ ဦးသိန်းဦး (ဘ) ဦးရဲတလူး တိုက် ၁၂ ခန်း ၁၊ ဦးစိုးဝင်း(ခ) ဦးလေး (ဘ) တိုက် ၁၂ ခန်း ၁၀၊ ဦးထင်လင်းဦး (ဘ) ဦးလှထင် ခန်း ၉၊ ဦးစန္ဒာသီရိ(ခ) ဦးဇင်းပုရစ် (ဘ) ဦးလူတုတ် ခန်း ၇၊ Dr. မျိုးညွန့်(ဘ) ဦးဘချစ် တိုက် ၁၁ ခန်း ၁၊ ဦးနိုင်ငံလင်း (ဘ) ဦးအေးမြင့် တိုက် ၁၁ ခန်း ၂ ၊ဦးအာကာမိုးသူ (ဘ)ဦးမျိုးအောင် သီးသန့်ထောင် ၂ ခန်း ၆ တို့၏ နာမည်များကို ရေးသားထားသည်။

ထို့ပြင် “Henry htet aung Myat အမည်တပ်၍ ထာဝရမိတ်ဆွေ ရင်ထဲမှာ အပင်တစ်ပင်ပေါက်ပြီး အမြစ်တွယ်နေပြီ၊ ဒီတော်လှန်ရေးအပင်လေးက အမြဲရှင်သန်ပြီး အားကောင်းလာမယ် ၊ဘယ်တော့မှ မသေသွားဘူး။”ဟုလည်း ရေးသားဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article