28 C
Yangon

ကျောက်ထု၊ စဉ့်ကူးနှင့် မြိတ်မြို့နယ်တို့တွင် စစ်ကောင်စီ ယာဉ်တန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်ခံရကာ စစ်သား ၁၆ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၁၈

မကွေးတိုင်း ကျောက်ထုမြို့နယ်တွင် မတ်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ပခုက္ကူဘက်မှတက်လာသည့် အကြမ်းဖက် စစ်ကောင်စီ ရိက္ခာယာဉ်တန်းမှ ရှေ့ပြေးကား ၃ စီးကို ကျောက်ထု-ပခုက္ကူ လမ်းပိုင်းတစ်နေရာတွင် ကျောက်ထု PDF တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ဦး သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှသိရသည်။

အဆိုပါ ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကား ၂စီး ထိခိုက် ပျက်စီးခဲ့ကာ စစ်ကား ၁စီးကို ကြိုးဖြင့် ဆွဲသွားပြီး စစ်သား ၈ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ စစ်သား ၃ဦးလည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း စဥ့်ကူးမြို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသည့် ကား ၁စီးကို တန်ပိုဂိတ် တောင်ဘက် ရွာတော်လေး ရွာနှင့် ငွေတောင်ရွာအကြားတွင် မတ်လ ၁က ရက်နေ့ နံနက် ၉နာရီ ၃ဝ မိနစ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ ၂ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်မျ လိုက်ပါလာသော ကားတွင် စစ်သား ၇ဦးပါဝင်ပြီး ရှေ့ထွက်မိုင်း ၁၈လုံးဖြင့် နတ်တောင်နဂါး (ပ က ဖ)ပျောက်ကြားတပ်ဖွဲ့ နှင့် GHOST RIDER Special Task Force BURMA တပ်ဖွဲ့ ၂ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်း မြိတ်မြို့နယ် ပပြင်ကျေးရွာ အုပ်စု ဘဲမဒီကျေးရွာသို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ဒေသံကာကွယ်ရေး တပ်ဖွဲ့ ၃ဖွဲ့တို့ မတ်လ ၁၇ ရက်နေ့ နံနက် ၇နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ဦးသေဆုံးခဲ့ကြောင်း ပုလော PDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော် ( PPDF)၊ မြိတ် ပြည်သူ့လွတ်မြောက်ရေး တပ်ဖွဲ့ (MPFF)၊ မြိတ်အခြေခံ ကရင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (MKLPDF) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ဦး သေဆုံးကာ ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article