27 C
Yangon

ရန်ကုန်တွင် ဖမ်းဆီးခံ အသက် မပြည့်သေးသည့် ဆန္ဒပြ လူငယ် ၅ ဦး စစ်ကြောရေးတွင် သွားများ အချိုးခံရပြီး လူမဆန်အောင် နှိပ်စက်ခံနေရ၊ အခြားဖမ်းဆီးခံလူငယ် ၂ ဦး လည်း ပျောက်ဆုံးနေပြီး အားလုံး အသက် အန္တရာယ် စိုးရိမ်ရ

Must read

ရန်ကုန်၊ မတ် ၂၁

ရန်ကုန် ယုဇန ပလာဇာရှေ့နှင့် ဗိုလ်တထောင်တွင် အသက် မပြည့်သေးသည့် ဆန္ဒပြ လူငယ် အမျိုးသမီး ၃ဦးနှင့် အမျိုးသား ၂ဦးကို စစ်တပ်က ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် လူမဆန်စွာ ရိုက်နှက်နေပြီး သွားကျိုးသည်အထိ မျက်နှာများ ရိုက်နှက်ခံထားရ အသက် အန္တရာယ် စိုးရိမ်ရနေရကြောင်း၊ အခြားတက်ကြွလှုပ်ရှားသော လူငယ် ၂ဦးလည်း ပျောက်ဆုံးနေကြောင်း သိရှိရသည်။

မတ်လ ၁၃ ရက်နေ့တွင် ဗိုလ်တထောင်တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး တကသ သပိတ်စစ်ကြောင်းမှ အသက် ၁၆နှစ်အရွယ် မအေးချမ်းမွန်ဖြိုး (ခေါ်)အပိုး၊ အသက် ၁၆နှစ် အရွယ် မအေးမြတ်သူနှင့် အသက် ၁၄နှစ်အရွယ် မရူကီယာတို့ကို စစ်တပ်နှင့်ရဲများက အရပ်ဝတ်ဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၁၆ ရက်နေ့တွင် ယုဇန ပလာဇရှေ့၌ ဆန္ဒပြလူငယ် ၂ဦးဖြစ်သည့် အသက် ၂၂ အရွယ် ကိုဟိန်းထက်ပိုင်နှင့် အသက် ၁၆နှစ်အရွယ် ကိုအောင်ကောင်းမြတ်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့၏ ဖမ်းဆီးခြင်း ခံရခြင်းဖြစ်ပြီး အသက် ၁၆နှစ်အရွယ် ကိုနေလင်းထက်နှင့် မမေလေးတို့လည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကာ ကိုဟိန်းထက်ပိုင်၏ ဖခင်ဖြစ်သူကိုလည်း စစ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။

စစ်တပ်က ဖမ်းဆီးထားသော မအေးချမ်းမွန်ဖြိုး (ခေါ်)အပိုး၊ မအေးမြတ်သူ၊ မရူကီယာ၊ ကိုဟိန်းထက်ပိုင်နှင့် ကိုအောင်ကောင်းမြတ်တို့ကို ဖမ်းဆီးသွားသော နေ့မှစ၍ လက်ရှိချိန်ထိ အဆက်အသွယ်မရရှိသေးဘဲ ရှေ့သွား ၄ချောင်းကျိုးသည် အထိ နှိပ်စက်ခံထားရကာ နံရိုးများ အကန်ခံထားရကြောင်း၊ အခြားနှိပ်စက်ဒဏ်ရာများစွာရရှိထားကြောင်း၊ ဦးခေါင်း ထိခိုက်ပြီး သတိလစ်မေ့မြော သည်အထိ ရိုက်နှက်ခံထားရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article