ရန်ကုန်၊ မတ် ၂၁
အကြမ်းဖက် မင်းအောင်လှိုင်စစ်တပ်ကို စွန့်ခွာ CDM လုပ်ပြီး ဩစတြေးလျနိုင်ငံကို ထွက်ခွာ ခိုလှုံခွင့်ရမယ့် နည်းလမ်းတွေကို ပြည်သူ့ရင်ခွင် အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ပထမဦးအနေနဲ့တော့-
၁- စစ်တပ်ထဲက ထွက်ပါ ။
ဘာအကြောင်းပြချက်မှ ထပ်မပေးတော့ဘဲ ပြ်ညသူတွေကို နေ့စဉ်ရက်ဆက် ညှဉ်းပန်းနေတဲ့ အဖွဲ့အစည်းကို စွန့်ခွာပါ။
၂- ပြည်သူ့ရင်ခွင်တွင် စာရင်းသွင်းပါ။
လိုအပ်အချက်အလက်တွေကို မှန်ကန်စွာ ပေးပြီး အစိစစ်ခံပါ။ CDM ကုတ်ကို စောင့်ယူပါ။
၃- နီးစပ်ရာနိုင်ငံသို့ နယ်စပ်မှတစ်ဆင့်သွားပါ။
လွတ်မြောက်နယ်မြေ သို့မဟုတ် ပြည်သူ့ရင်ခွင်အဖွဲ့၏ ကူညီမှုဖြင့် သွားရောက်ပြီး ယင်းမှတစ်ဆင့် အခြားတစ်နိုင်ငံသို့ ကူးပါ။
၄- UNHCR ထံ ဆက်သွယ်ပါ။
မိမိကိုယ်ရေးအချက်အလက် အပြည့်အစုံနှင့် လိုအပ်သည့်အကူအညီကိုဖော်ပြပြီး အီးမေးလ်မှ တစ်ဆင့် ဆက်သွယ်ပါ။
အထူးသတိပြုရန်မှာ ပြည်ပနိုင်ငံတွေမှာ ခိုလုံခွင့်ရရှိဖို့ မိမိကိုယ်တိုင် လျှောက်ထားရမှာ ဖြစ်ပါတယ် လို့ ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်မျှဝေထားပါတယ်။