25 C
Yangon

စစ်ဆင်ရေးထွက်နေသော ရဲတပ်ဖွဲ့ဝင်များအတွက် အပိုဆုကြေး ၃ သောင်း ပြည်ထဲရေးဝန်ကြီးဌာန အဆင့်ဆင့် ဖြတ်စားခံထားရဟုဆို၊ လောင်းကစား၊ မူးယစ်ဆေး အပါအဝင် အဆင်ပြေသောနည်းလမ်းများဖြင့် ရဲများလုပ်ကိုင်စားသောက်ခွင့်ရ

Must read

ရန်ကုန်၊ မတ် ၂၁

စစ်ကောင်စီက ရှေ့တန်း စစ်ဆင်ရေးထွက်နေသော ရဲတပ်ဖွဲ့ဝင်များအတွက် အပိုဆုကြေး ၃ သောင်းပေးထားပြီး ယင်းဆုကြေးကို ပြည်ထဲရေးဝန်ကြီးဌာန အဆင့်ဆင့် ဖြတ်စားခံထားရကြောင်း ရဲဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောသည်။

“စစ်ကြောင်းနဲ့လိုက်တဲ့ရဲတွေကို ထောက်ပံ့ကြေးဆုကြေးဆိုတဲ့သဘောမျိုး ၃ သောင်း ပေးတယ်။ အဲဒါ ရဲအတော်များများ မရကြဘူး။ ဘယ်အဆင့်မှာ ဖြတ်ခုတ်ထားလဲမသိဘူး။ တချို့က ရဲတပ်ရင်းတွေက မပေးတာ။ တချို့ကတော့ အပေါ်က ရာထူးကြီးတွေက မသိချင်ယောင်ဆောင်ပြီး ဖြတ်အုပ်တာ။ အော က်ခြေ ရဲက မရဘူး” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

လက်ရှိ ကုန်စျေးနှုန်းကြီးမြင့်လာချိန်တွင် လစာနောက်ကျခြင်း၊ လစာမလောက် ငမှုများရှိနေပြီး သက် ဆိုင်ရာ နယ်မြေရဲများအနေဖြင့် အဆင်ပြေသလို လုပ်ကိုင်စားသောက်ခွင့်ရရှိလာကြောင်း၊ လောင်းကစားနှင့် မူးယစ်ဆေးဝါး လုပ်သူများထံမှ လိုင်းကြေးရယူခြင်း အပါအဝင် အဆင်ပြေသော နည်းလမ်းများဖြင့် လုပ်ကိုင်စားသောက်ခွင့်ရရှိလာကြောင်း သိရှိရသည်။

“နယ်မြေစခန်းရဲတွေတော့ ဘာမှ ဖိအားမရှိဘူး။ လောင်းကစား ကိစ္စ လိုင်းကြေး ယူတာမျိုးလည်း အပေါ်က သိပ်မပြောတော့ဘူး။ အဓိက PDF နဲ့ နိုင်ငံ ရေးသမား တွေကို ဖမ်းတဲ့ဟာတွေမှာ အပေါ်က ခိုင်းတဲ့အတိုင်း လုပ်ရင် ရပြီဆိုတဲ့အနေအထားမျိုး ။ ကိုယ့်နယ်မြေမှာ ကိုယ်လည်သလို လုပ်စားခွင့်ရတယ်။ ရဲနဲ့ပတ်သက်လို့ တိုင်စာတွေ တက်လည်း သိပ်ပြီး စိစစ်တာမျိုး ဖိအားတာမျိုး မလုပ်တော့ဘူး ။ နိုင်ငံရေး၊ PDF နဲ့မပတ်သက်ရင်ရပြီ လုပ်ချင်တာ လုပ်ခွင့်ပြုသလိုတော့ဖြစ်လာပြီ” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ရဲတပ်ဖွဲ့ဝင် အင်အားနည်းပါးသဖြင့် ယာဉ်ထိန်းရဲများ၊ မီးရထားရဲများနှင့်စည်ပင်ရဲများကိုပါ လုံခြုံရေး ရဲ အင်အားများအဖြစ် ပြောင်းလဲ အသုံးပြုရန် အစီအမံ ရေးဆွဲနေကြောင်း သိရှိရသည်။

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article