25 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၁ ရက်နေ့ ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ်လ ၂၁ ရက် ညနေပိုင်းရရှိထားတဲ့ သတင်းတွေကတော့
-၂၂ရက် နေ့လယ်ပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးကို ရောက်ရှိမှာဖြစ်ပြီး ၂၃ရက်နေ့ မနက်ပိုင်း မှာတော့ ရခိုင်ကမ်းရိုးတန်း ကို သံတွဲမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
-စစ်ကောင်စီ ကမတရားဖမ်းဆီးထားတဲ့ ကမာရွတ်မီဒီယာ တွဲဖက်တည်ထောင်သူ၊အယ်ဒီတာ ဦးဟံသာညိန်းကို စစ်ကောင်စီလက်အောက်ခံ အင်းစိန်ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၂)နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
-ကွမ်းခြံကုန်းမြို့နယ်မှာ ရပ်ကွက်ကျော် မြို့နယ်တွင်းသွားလာခွင့် ထောက်ခံစာဆိုပြီး စစ်တပ်က ပြည်သူတွေကို အတင်းအကျပ် ပြုလုပ်ခိုင်းနေပါတယ်။
-သထုံမြို့နယ်မှာ ပြည်သူများဆီကနေ အဓမ္မငွေကြေးကောက်ခံနေတဲ့ မီးသတ်အရာရှိ အပါအဝင် ၄ ဦး ဟာ မနေ့က အသတ်ခံရပြီး သေဆုံးသွားပါတယ်။
-မုန်တိုင်းကာလ ကြိုတင်ပြင်ဆင်သင့်ရမှာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်တွေ့ဆုံမေးမြန်းခန်းတွေအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article