28 C
Yangon

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် လိုအပ်ပြီး NUG၊ CRPH နှင့် NUCC တို့နှင့်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်

Must read

ရန်ကုန်၊ မတ် ၂၁

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံရန် လိုအပ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပူးပေါင်းဆောင်ရွက်လိုအပ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၁ အာဆီယံအထူးကိုယ်စားလှယ်၏ ပထမအကြိမ် ခရီးစဥ်အဖြစ် မတ်လ (၂၀ ) ရက်နေ့မှ (၂၃) ရက်နေ့အတွင်း လာရောက်လျက်ရှိသည့် ခရီးစဥ်နှင့်ပက်သက်၍ သတိထား စောင့်ကြည့်လျက် ရှိကြောင်း၊ အမျိုး သားညီညွတ်ရေး အစိုးရ အနေဖြင့် အာဆီယံ အလှည့်ကျ ဥက္ကဌ ၊ အထူး ကိုယ်စားလှယ် တို့၏ တာဝန်ထမ်းဆောင်မှုကို ကြိုဆိုကြောင်း နှင့် အကြမ်းဖက်စစ်အုပ်စုကြောင့်ဖြစ်ပွားနေ‌သော မြန်မာ့ အရေးအကျပ် အတည်း ဖြေရှင်းနိုင်ရေး ပူးပေါင်းဆောင်ရွက် သွား မည် ဖြစ်ကြောင်း စာရေးသားပေးပို့ခဲ့ပြီး ၊ ကနဦး သတင်းထုတ်ပြန် ခဲ့ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန မှ အာဆီယံ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ပရက်စ္စကွန် ထံသို့ လည်း မြန်မာ့အရေး အတွက် တွေ့ဆုံ ဆွေးနွေးလိုပါကြောင်း ထပ်မံ စာရေးသားပေးပို့ခဲ့ကြောင်း သိရှိရသည်။

အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဥ်အတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် တွင် ဖော်ပြထားသည့် အတိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် တိုက်တွန်းတောင်းဆိုအပ်ကြောင်း တိုက်တွန်းထားသည်။

အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံသင့်သည့် အဖွဲ့အစည်းများတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုခေါင်းဆောင်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများ မဖြစ်မနေ ပါရှိရန်လိုအပ်ကြောင်း၊ ထို့ပြင် အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် လက်ရှိအချိန်တွင်ဖမ်းဆီးထိမ်းသိမ်းခံထားရပြီး၊ ပြည်သူလူထု၏ဆန္ဒဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားသော သမ္မတ ဦးဝင်းမြင့် ၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံရန် အထူးပင်လိုအပ်ကြောင်း NUG နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထောက်ပြသည်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အရေးနှင့် စပ်လျဥ်း၍ အာဆီယံအထူး ကိုယ်စားလှယ်အနေနှင့် အောက်ပါအချက်များကို ဦးစားပေးဆောင်ရွက်သင့်ပါသည်။

– စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်စေရေး တွန်းအားပေးရန်

– ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အရပ်ဖက် အဖွဲ့အစည်းများမှတဆင့်သာ ပေးပို့ရန်။

– ငြိမ်းချမ်းသည့် ရလဒ်များကို ရှာဖွေရာတွင် ပြည်သူများ၏ အကျိုးစီးပွားနှင့် လိုလားတောင့်တချက်များကိုသာ အခြေခံရန် တို့ကိုလည်း တောင်းဆိုထားသည်။

မြန်မာပြည်သူတို့ကို တရားဝင်ကိုယ်စားပြုသည့် တစ်ခုတည်းသောအစိုးရတရပ်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရသည် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဓာတ်ပုံ-မြန်မာနိုင်ငံထွက်ခွာလာသော အာဆီယံအထူးကိုယ်စားလှယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article