30 C
Yangon

ရန်ကုန်-နေပြည်တော်- မန္တလေးအမြန်လမ်းတွင် စစ်ကောင်စီယာဉ်တန်းများကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခြင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်၊ မင်းကင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၁

ရန်ကုန်-နေပြည်တော်- မန္တလေးအမြန်လမ်းတွင် စစ်ကောင်စီယာဉ်တန်းများကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခြင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဒေသကာ ကွယ်ရေးတပ်များက လုပ်ဆောင်ကြသည်။

မန္တလေး – နေပြည်တော်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း ယနေ့ မတ် ၂၁ရက်နေ့တွင် 40mm အပေါ့စား လောင်ချာဖြင့် သုံးလုံးဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ ယာဉ်တစ်စီး ထိမှန်မီးလောင်၍ စစ်ကောင်စီဝင် ၅ ဦးထက် မနည်း ထိခိုက်မှုကြီးမားနိုင်ကြောင်း Mandalay Ranger Force (ROM) က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို မဟာပိတ်ငါးဖွဲ့နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အလားတူ မတ်လ ၂၁ ရက်နေ့တွင် ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ တပ်ခွဲ ၂ (အင်းတကော်ပကဖ- IPDF ) မှ ဒုတပ်ခွဲမှူး ဦးဆောင်ပြီး စစ်ကောင်စီယာဉ်တန်းကို ရန်ကုန်-နေပြည်တော် အမြန်လမ်း ၂၉ မိုင် ၅ ဖာလုံအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုတွင် စစ်ကားတစ်စီး အမြန်လမ်းဘေး မြောင်းထဲသို့ ထိုးဆင်းသွားပြီး ကားနှင့်ကားပေါ်ပါ စစ်သားများ ထိခိုက်မှုရှိခဲ့ကြောင်း ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ၊ ကျော်ရွာသို့ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး မယ်မဲတောင်ကုန်းအနီးတွင် မတ်လ ၂၀ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ဆိုင်ကယ် ၃စီး မိုင်းထိကာ စစ်ကောင် စီဝင် ငါးဦးသေဆုံးသွားကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ TDPDF (MinGin) အဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီအဖွဲ့သည် ကျော်ရွာတွင် တပ်စွဲ၍ ပျူစောထီးသင်တန်းပေးမည်ဟု ကြားသိရပြီး ၎င်းတို့ တပ်စွဲရာ အနီဂတစ်ဝိုက် ကျေးရွာများကို ဝင်ရောက် မွှေနှောက်ကာ လက်ဝတ်လက်စားနှင့် ငွေကြေးမှာ အဓမ္မယူဆောင်ခြင်း၊ တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း၊ ပြည်သူများ ဆိုင်ကယ်ကို ဖျက်ဆီးခြင်းများ ပြုလုပ်နေသည့်အပြင် ပြည်သူများကို မတရားရက်စက်စွာ သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း TDPDF(MinGin) ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓာတ်ပုံ-မတ်လ ၂၀ ရက်နေ့ လုံခြုံရေးယူ လှည့်လည်နေသော စစ်ကောင်စီယာဉ်တန်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article