30 C
Yangon

ကရင် နို့တကောမြို့နယ်တွင် KNLA နှင့် စစ်ကောင်စီတို့ ၃ရက်တာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သား ၂ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၁

ကရင်ပြည်နယ် ကေအဲန်ယူ- ဒူးပလာယာခရိုင် ၊ နို့တကောမြို့နယ်တွင် မတ်လ ၁၉ရက်မှ ၂၁ရက်နေ့အတွင်း အကြမ်းဖက် စစ်ကောင်စီ ခမရ (၄၃၂)၊ ခမရ (၂၈၃)နှင့် KNLA တပ်ရင်း ၁၇ တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သား ၂ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး ဗဟို (KNU) ထံမှ သိရသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၈နာရီ ၄၇ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီတပ် ခုတ်ခွားတောင်ပေါ်အခြေစိုက် ခမရ (၄၃၂) တပ်ရင်းနှင့် KNLA တပ်မဟာ (၆)၊ တပ်ရင်း (၁၇) တပ်ခွဲ (၂)၊ တပ်ရင်း (၂၇)၊ တပ်ခွဲ (၃)တို့ အချိန်အနည်းငယ် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နံနက် ၁၀နာရီ ၃ဝမိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ ခမရ (၂၈၃) တပ်ရင်းနှင့် KNLA တပ်ရင်း (၁၇)တို့ သုံးတိုင် ကျေးရွာအနီးတွင် ထိတိုက်ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ်လ ၁၉ရက်နေ့ နံနက် ၈ နာရီ ၃ဝမိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ ခမရ (၄၃၂)တပ်ရင်းနှင့် KNLA တပ်မဟာ (၆) တပ်ရင်း (၁၇)တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ ထိုပစ်ခတ်မှုများအတွင်း စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

မတ်လ ၁၉ ရက်နေ့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ ခမရ (၄၃၂)တပ်ရင်းက စစ်ကြောင်း (၁)မှ ဒုရင်းမှူး မောင်မျိုးသူရအောင် ဦးဆောင်သော အင်အား ၁၉ ဦးပါ စစ်ကြောင်းသည် အာရှလမ်းဆုံရှိ နို့တော်ပလာမှ KNU ဂိတ်တစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး ဗဟို (KNU)က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article