25 C
Yangon

Foodpanda ကုမ္ပဏီကို သပိတ်မှောက်နေသော Riders များနှင့်အတူ ရပ်တည်ကြောင်း ရတနာပုံ တကသ ထုတ်ပြန်၊ riders များကို ဝန်းရံပေးကြရန် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တိုက်တွန်း

Must read

ရန်ကုန်၊ မတ် ၂၂

Foodpanda ကုမ္ပဏီဘက်မှ လမ်းကြောင်းလုပ်ခလစာများ လျှော့ချခဲ့သည့်အတွက် အလုပ်မဆင်းဘဲ သပိတ်တိုက်ပွဲဆင်နွှဲနေသည့် Foodpanda riders များနှင့်အတူ တသားတည်းရပ်တည်ကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယနေ့ ထုတ်ပြန်လိုက်သည်။

ကျောင်းသားပြည်သူတရပ်လုံးအနေဖြင့် မတရားမှုကို ကျူးလွန်သော Foodpanda ကို ဆက်လက်အသုံးမပြုခြင်းဖြင့် သပိတ်မှောက်ပြီး အဖိနှိပ်ခံအလုပ်သမားထုနှင့်အတူ တသားတည်းရပ်တည်ပြီး ဝန်းရံပါဝင်ကြရန် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တော်လှန်ရေးဦး‌ဆောင်ကော်မတီက ဆိုသည်။

အလားတူ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း သပိတ်မှောက် Rider များနှင့် တသားတည်းရပ်တည်လျက်ရှိသည့်အပြင် Rider များ၏ သပိတ်မှောက်ခြင်းနှင့် တိုက်တွန်းချက်များအား ပြည်သူများအနေဖြင့် ဝန်းရံသပိတ်မှောက်ကြရန် တိုက်တွန်းထားသည်။

“စစ်အာဏာသိမ်းမှုနှင့် နိုင်ငံရေးအကြပ်အတည်းကို အခွင့်ကောင်းယူပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ရန် ကြိုးပမ်းနေသူများအားလုံးရန် ဆန့်ကျင်ရမည်သာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုအရေးကိစ္စများဟာ ရေတိုဖြေရှင်းရုံနဲ့မပြီးဘဲ စနစ်ဆိုးတစုံလုံးကို အမြစ်ကနေ လှန်ပစ်နိုင်ဖို့လိုပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေဖြင့် သပိတ်မှောက် Food Panda Rider များနှင့် အတူတကွရပ်တည်သပိတ်မှောက်ကြရန်နဲ့ တိုင်းပြည်၏ စနစ်ဆိုး၊ စနစ်ယုတ်တစုံလုံးအား ဖြိုချဖျက်ဆီးနိုင်ဖို့ လူတန်းစားအားလုံး ညီညွတ်စွာ ဆက်လက်တိုက်ပွဲဝင်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။” ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article