24 C
Yangon

ကရင်ပြည်နယ်၊ မော်ခီးစစ်ကောင်စီစခန်းကုန်းကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

Must read

ရန်ကုန်၊ မတ် ၂၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေမြို့နယ်ခွဲ၊ မော်ခီးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆၊ တပ်ရင်း (၂၀၁) နှင့် ပူးပေါင်းအဖွဲ့က ယမန်နေ့ မတ်လ ၂၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဗိုလ်၁ ဦး အပါအဝင် အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်။

ကရင်သတင်းရင်းမြစ်တချို့၏အဆိုအရ မင်းအောင်လှိုင်စစ်တပ်မှ စစ်သားတချို့ ကိုလည်း အရှင်ဖမ်းမိပြီး အနည်းဆုံး ၃ ဦး အရှင်ဖမ်းမိကြောင်း ပြောဆိုကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုစာရင်းကို ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

KNLA တပ်ရင်း ၂၀၁ နှင့် ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ ညနေ ၅ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ရာနှင့်ချီသော ၄၀ မမ၊ ၆၀ မမ ကျည်များ၊ RPG ဗုံးသီးများနှင့် လက်နက်ငယ်ကျည်ဆံများ သိမ်းဆည်းရမိခဲ့သည်။

မော်ခီးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၅၅၅) နှင့် ခလရ (၃၂) တပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားသည်။

KNDO ၏ ထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်နယ်ဒါးမြဦးဆောင်ကာ မနားတမ်း တိုက်စစ်ဖြင့် နှစ်ရက်အတွင်း မော်ခီးမဆုတ်တမ်းခံစစ်ကို စခန်းသိမ်း အောင်မြင်ခဲ့ပြီး အောင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်ထပ်မံသတင်းထုတ်ပြန်မည်ဟု ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article