ရန်ကုန်၊ မတ် ၂၂
စစ်ကိုင်းတိုင်း ကလေးမြို့ဘက်မှ ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား မတ်လ ၂၀ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပိတ်မိနေသော စစ်ရှောင်ပြည်သူများကို ကယ်ထုတ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းခံရမှုကြောင့် PDF ၆ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါက သတင်းထုတ်ပြန်သည်။
ကလေးမြို့ဘက်မှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်းရွာများမှ ပျူစောထီးများသည် မြစ်သာမြစ်တဖက်ကမ်းရှိ စစ်ရှောင်များရှိရာဒေသများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် PDF – GanGaw တပ်ဖွဲ့ဝင်များက သွားရောက်ကယ်ထုတ်စဉ် ခြုံခိုတိုက်ခိုက်ခံရခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့ စစ်ကြောင်းထိုးရာလမ်းတလျှောက်ရှိ မြေတူးစက် ၁ စီး၊ လယ်ထွန်စက် ၃ စီး၊ FORLAND ကား ၃ စီးနှင့် နွားများကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း PDF -GanGaw က သတင်းထုတ်ပြန်သည်။