26 C
Yangon

တကောင်းတွင် မိုင်းဆွဲခံရပြီး သေဆုံးသူမှာ စစ်ဆေးတက္ကသိုလ် အပတ်စဉ် ၁၅ ကျောင်းဆင်း ဗိုလ်ကြီး ဝင်းသွင်စိုးဖြစ်

Must read

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် တရုတ်နီကယ်ဆေးရုံသို့ အသွား လမ်းတွင် မိုင်းဆွဲခံရပြီး သေဆုံးသူမှာ စစ်ဆေးတက္ကသိုလ်အပတ်စဉ် ၁၅ ကျောင်းဆင်း ဗိုလ်ကြီး ဝင်းသွင်စိုးဖြစ်ကြောင်း ၎င်းကို ရင်းနှီးသူများ၏ လူမှုကွန်ရက်တွင် ဖော်ပြထားချက်များအရ သိရှိရသည်။

မတ်လ ၂၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ သပိတ်ကျင်း၊ တကောင်းဆေးရုံမှ စစ်ဆေးဆရာဝန် ဝင်းသွင်စိုး တရုတ်နီကယ်စက်ရုံသို့ အသွား လမ်းတွင် မိုင်းဆွဲခံရပြီး အတူလိုက်ပါလာသော ရဲတပ်ကြပ်သာစိန် နှင့် စစ်ဆရာဝန် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“တကောင်းဆေးရုံ စစ်ဆရာဝန် နီကယ်စက်ရုံဘက်ကိုအသွား မိုင်းဆွဲခံရပြီး ရဲသာစိန်လည်းသေတယ်။ နှစ်ယောက်သေပါတယ်။ မောင်းကုန်း PDF ၊ Tg Pdf တွေ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်တာပါ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မတ်လ ၂၁ ရက်နေ့ ည ၈ နာရီခန့်က မောင်းကုန်းကျေးရွာအနီးဆွဲမိုင်း ၈ လုံး ဆင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ စစ်ဆေးဆရာဝန် လိုက်ပါသော မက်ခ်တူးယာဉ် မိုင်းဆွဲမှုကြောင့် ပျက်စီးပြီး စစ်ဆေးဆရာဝန်နှင့်ရဲတပ်ကြပ်သေဆုံးသွားကြောင်း၊ ယင်းနောက် မိုင်းဆွဲမှုကို လာရောက်စစ်ဆေးသော စစ်ကောင်စီတပ်များကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးဒဏ်ရာရရှိပြီး ၂ ဦးမှာ သေဆုံးဖွယ်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article