21 C
Yangon

မြင်းခြံ ဆင်ချောင်း‌ကျေးရွာသား ကိုဆန်းကိုနိုင်နှင့် ဂန့်ဂေါ မြောက်ခင်ရန်းရွာသား ဦးဘရွှေတို့ကို စစ်တပ်က ဖမ်းဆီး နှိပ်စက် သတ်ဖြတ်

Must read

ရန်ကုန်၊ မတ် ၂၃

မန္တလေးတိုင်း မြင်းခြံမြို့နယ် တလုပ်မြို့ ဆင်ချောင်း‌ကျေးရွာသား ကိုဆန်းကိုနိုင်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၁၈ ရက်နေ့တွင် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သော ကိုဆန်းကိုနိုင်သည် တလုပ်မြို့ကျေးရွာတစ်ရွာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များရောက်ရှိနေသည်ကို မိသားစုထံ ဖုန်းဆက် သတိပေးချိန်တွင် ၎င်းမိသားစုဝင် ၁ဦးသည် တလုပ်မြို့ ကျေးရွာတစ်ရွာတွင် ရောက်နေပြီး စစ်တပ်နှင့် အနီးနားတွင်ရှိနေသောကြောင့် ဖုန်းမကိုင်ဘဲ နေသည်ကို စစ်ကောင်စီ တပ်ဖွဲ့များက ဖုန်းမကြာခဏ လာနေသည်ကို သတိထားမိပြီး စပီကာဖွင့် ဖုန်းပြောခိုင်းရာမှ ကိုဆန်းကိုနိုင် ပြောဆိုချက်ကို သိရှိသွားကာ နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုဆန်းကိုနိုင်သည် တံငါသည် တစ်ဦးဖြစ်ပြီး ဆင်ချောင်း‌ကျေးရွာ တောင်ဖက် တဲတန်း ရေလုပ်ငန်း လုပ်ကိုင်သူများ စုနေသည့်နေရာတွင် နေထိုင်သူဖြစ်ကာ စစ်တပ်က ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ထွက်ပြေးရန် ကြိုးစားသည်ဟုဆိုကာ ခြေထောက်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ကိုဆန်းကိုနိုင်ကို ဖမ်းဆီး ရိုက်နှက် နှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီက ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာသား ဦးရွှေဘကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီးများက မတ်လ ၁၈ ရက်နေ့တွင် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အဖွဲ့များ ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် ဦးရွှေဘတွင် ကျေးရွာအတွင်းရှိ ပျူစောထီးအဖွဲ့ဝင် ၁ဦး နေအိမ် မီးလောင်စဉ်တွင် ပျူစောထီးများက ကျေးရွာတစ်တွင်းရှိ အိမ် တစ်အိမ်လျှင် လူ တစ်ဦး မီးထွက်ငြိမ်းခိုင်းစဉ် ဦးရွှေဘက မီးထွက်ငြိမ်းခိုင်းခဲ့ပြီးနောက် နံနက် ၈နာရီခန့်တွင် စစ်တပ်နှင့် ပျူစောထီးများ ရောက်ရှိလာကာ ဦးရွှေဘမှ ကျေးရွာအတွင်းရှိ ပျူစောထီး နေအိမ်ကို မီးရှို့သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း သိရသည်။

ထို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အဖွဲ့များသည် ဦးရွှေဘကို မြောက်ခင်ရန်းရွာ ဘုန်းကြီးကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပါးစပ်ထဲ ရေနွေးပူများ လောင်းချခြင်း ကျေးရွာ စာသင်ကျောင်းမှ လယ်ကြီး မြစ်ဆိပ်အထိ ကားတွင် ကြိုးချီပြီး တွဲလောင်းဆွဲသွားခြင်းအပြင် အမျိုးမျိုး နှိပ်စက် စစ်ဆေးခဲ့ပြီးနောက် သေဆုံးသွားကြောင်း သိရသည်။

ဦးရွှေဘ၏ ရုပ်အလောင်းကို စစ်တပ်နှင့် ပျူစောထီး အဖွဲ့များက မိသားစုများထံ ပြန်လည် ပေးအပ်ခြင်းမရှိဘဲ သဂြိုၤလ်ခဲ့ကာ ဦးဘရွှေသည် ဖုန်းကောင်းမွန်စွာ အသုံးမပြုတတ်သူဖြစ်ပြီး PDF တပ်ဖွဲ့ဝင်များကိုလည်း ထောက်ပံ့မဟုတ်ကြောင်း ဆွေမျိုးများ၏ ပေးကမ်းမှုဖြင့် စားသောက်နေထိုင်ရသူဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article