ရန်ကုန်၊ မတ် ၂၃
မတ်လ ၂၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ မလေးရှား) မှ အလုပ်အမှုဆောင် အဖွဲဝင်များနှင့် ဒီမိုကရေစီအရေးလုပ်ရှားသူများသည် အာဆီယံ အထူးကိုယ်စားလှယ် ၏ မြန်မာပြည် ခရီးစဉ် ကိုကန့်ကွက်ရှုတ်ချသည်။
ယခု အာဆီယံ ကိုယ်စားလှယ်၏ မြန်မာပြည် ခရီးစဉ်သည် မြန်မာပြည်သူများ၏ သဘောဆန္ဒကို ဆန့်ကျင်လျှက် မြန်မာပြည်သူများ၏ အသက်၊အိုးအိမ်၊ စည်းစိမ်ကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ဖျက်ဆီးနေသော စစ်ကောင်စီ ကို အသိအမှတ်ပြုရန် ကြိုးစားခြင်းပင်ဖြစ်သည်။
အာဆီယံအထူး ကိုယ်စားလှယ်၏ အဓိက တာဝန်ဖြစ်သော အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်အား လည်း ဖော်ဆောင်နိုင်ခြင်းမရှိသည့် ခရီးစဉ်ဖြစ်သည်။
အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် တွင်လည်း ဒီမိုကရေစီ၏ အဓိက အခြေခံ အချက်ဖြစ်သော ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေးနှင့် ပတ်သက်၍ ပြတ်သားသော တောင်းဆိုချက်မျိုးမပါရှိသည်ကိုတွေ့ရသည်။
ထို့ပြင် သက်ဆိုင်ရာ အဖွဲ့အသီးသီးနှင့် တွေ့ဆုံးရေးဆိုသည်အချက်တွင်လည်း စစ်ကောင်စီ သဘောကျ စီစဉ်ပေးသည့် အဖွဲ့များနှင့်သာ တွေ့ဆုံနေခြင်းသည်
မြန်မာနိုင်ငံ၏ လက်ရှိပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိသည့်အပြင် ကမ္ဘာက အကြမ်းဖက်အဖွဲ့အဖြစ် မှတ်ယူထားသော စစ်ကောင်စီ (Genocide) ကို လက်တစ်လုံးကြား လူရာသွင်းလာခြင်းသာဖြစ်သည်။
ထို့ကြောင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် နှင့် အာဆီယံ အထူးကိုယ်စားလှယ် ၏ မြန်မာပြည် ခရီးစဉ် အား NLD (OCI) Malaysia အနေနှင့် ကန့်ကွက် ရှုတ်ချရခြင်းဖြစ်သည်။
![](https://yktnews.com/wp-content/uploads/2022/03/FB_IMG_1648029911272.jpg)
![](https://yktnews.com/wp-content/uploads/2022/03/FB_IMG_1648029913352.jpg)
![](https://yktnews.com/wp-content/uploads/2022/03/FB_IMG_1648029915335.jpg)
![](https://yktnews.com/wp-content/uploads/2022/03/FB_IMG_1648029917319.jpg)