31 C
Yangon

ကန့်ဘလူ မကျည်းကုန်းရွာသား ကိုမောင်ညွန့်နှင့် ကိုဖြိုးဟိန်းကို ပျူစောထီးအဖွဲ့က ခေါင်းဖြတ် မီးရှို့သတ်၊ထွက်ပြေးလွတ်မြောက်လာသူ ၂ ဦးမှာလည်း လူမဆန်စွာ နှိပ်စက်ခံထားရ၊ ချောင်းဦးတွင်လည်း ဦးသန်းနိုင် နှင့် ဦးစိန်ချုံကို ကြံ့ဖွတ်နှင့် ပျူစောထီးများ သတ်ဖြတ်

Must read

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ မကျည်းကုန်းရွာသား ကိုဖြိုးဟိန်းနှင့် ကိုမောင်ညွန့် တို့ကို ပျူစောထီး အဖွဲ့များက ခေါင်းဖြတ် မီးရှို့သတ်ဖြတ်ပြီး ထပ်မံ သတ်ဖြတ်ရန် ပျူစောထီးအဖွဲ့များ ဖမ်းဆီးထားသည့် မကျည်းကုန်းရွာသား ကိုဖုန်းကြွယ်နှင့် ကိုထွန်းနိုင်ဝင်း ဖမ်းဆီးထားစဉ် နှိပ်စက်ဒဏ်ရာများဖြင့် ထွက်ပြေး လွတ်မြောက်လာကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ကန့်ဘလူမြို့နယ် မကျည်းကုန်းရွာတွင် ပျူစောထီးအဖွဲ့က ကိုမောင်ညွန့်ကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်းကောင်း နှင့် ကိုဖြိုးဟိန်းကို မတ်လ ၇ ရက်နေ့တွင်လည်းကောင်း ခေါင်းဖြတ် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပျူစောထီးအဖွဲ့က မတ်လ ၂၂ရက်နေ့တွင် ကိုဖုန်းကြွယ်နှင့် ကိုထွန်းနိုင်ဝင်းတို့ကို ထပ်မံ ဖမ်းဆီး နှိပ်စက်ခဲ့ကြောင်း ၊ ပျူစောထီးအဖွဲ့များ မူးရူး သောက်စား အိပ်ပျော်နေချိန် ည ၇နာရီ ၃၀ မိနစ်တွင် ထွက်ပြေး လွတ်မြောက်လာကြောင်း သိရသည်။

အဆိုပါ မကျည်းကုန်းရွာသား ပျူစောထီး အဖွဲ့တွင် ဖိုးတိုး ခေါင်းဆောင်ပြီး စံပေါ၊ သီဟ၊ ဇော်လွင်၊ စန်းဝင်းကြီး၊ ရန်အောင်ဝင်း၊ တင်ဌေးဦးတို့ဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကင်မွန်းတော်ကျေးရွာသား ၂ဦးဖြစ်သည့် ဦးသန်းနိုင် နဲ့ ဦးစိန်ချုံ တို့ကို ကြံ့ဖွတ်ပါတီဝင်များနှင့် ပျူစောထီးအဖွဲ့က သတ်ဖြတ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို နေ့စဉ် ဖောက်ထွင်းနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ကြံ့ဖွတ်ပါတီ ဝင်များနှင့် ပျူစောထီးအဖွဲ့များသည် စစ်ရှောင် ပြည်သူများ၏ နေအိမ်များကို နေ့စဉ်ဖောက်ထွင်းခိုးယူနေပြီး စစ်ရှောင်ပြည်သူများ၏ ယာခင်းထဲရှိ အသီးအနှံများကို အတင်းအဓမ္မ ရိတ်သိမ်းခိုးယူမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ဓာတ်ပုံ- ပျူစောထီးများ ဖမ်းဆီးနှိပ်စက်ရာမှ လွတ်မြောက်လာသော ကိုဖုန်းကြွယ်နဲ့ ထွန်းနိုင်ဝင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article