ရန်ကုန်၊ မတ် ၂၃
လွိုင်ကော်-ဒီးမော့ဆိုကြား စံပြ ၆ မိုင် အုပ်စု၊ ကယောပိုင်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက လွန်ခဲ့သည့် ၂ လခန့်တွင် ဖမ်းဆီးသတ်ဖြတ်ခဲ့သော ပြည်သူ ၃ ဦး ၏ အရိုးများကို ပြန်လည်တွေ့ရှိခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း ၉ ရဲဘော်များက ပြန်လည် သဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။
လွန်ခဲ့သည့် ၂ လ ခန့်တွင် အကြမ်းဖက်စစ်သားများက ကယောပိုင်းရွာရှိ ပြည်သူ ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၃ ဦး၏ ကြွင်းကျန်နေသော အရိုးများကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာရှိ အများပြည်သူပိုင် နေအိမ် ၁ လုံးကို အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့သွားကြောင်း ဒေသခံများ ထံမှ သိရှိရသည်။
စစ်ကောင်စီတပ်သားများသည် အဆိုပါနေအိမ်အတွင်း ဖောက်ထွင်းကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူပြီး မီးရှို့ထွက်ပြေးသွားကြောင်း ဒေသခံများက ဆိုသည်။