28 C
Yangon

KIA တပ်မဟာ ၈ နှင့် ၆ တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွား၊ လိုင်ဇာသို့ ချိန်ရွယ်ပစ်ခတ်သည့် လက်နက်ကြီးကျည် တရုတ်နိုင်ငံတွင်း ကျရောက်ပေါက်ကွဲ

Must read

ရန်ကုန်၊ မတ် ၂၃

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ အင်းတော်ကြီးဒေသနှင့် တပ်မဟာ ၆ မုံးကိုးဒေသတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး KIO/KIA ဌာနချုပ် လိုင်ဇာသို့ ချိန်ရွယ်ပစ်ခတ်သော လက်နက်ကြီးကျည် ၁ လုံးသည် တရုတ်နိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကချင်သတင်းရင်းမြစ်များတွင် ဖော်ပြသည်။

KIA တပ်မဟာ ၅ နယ်မြေ Bumre Bum တွင် စခန်းချထားသည် စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့ မတ်လ ၂၃ ရက် နံနက် ၃ နာရီ ၄၅ မိနစ်တွင် လိုင်ဇာမြို့သို့ ချိန်ရွယ်၍ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည် ၁ လုံးသည် တရုတ်နိုင်ငံ Na Bang ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

Bumre Bum တွင် အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၂၁) လက်အောက်ခံ ခလရ ၂၃၆၊ ခလရ ၇၈၊ အမတ ၃၇၂ တပ်များ စုပေါင်း တပ်စွဲထားပြီး ပစ်ခတ်သောလက်နက်ကြီးများမှာ ၁၀၅ မမ သို့မဟုတ် ၁၂၀ မမ များဖြစ်နိုင်ကြောင်း သိရှိရသည်။

အလားတူ KIA တပ်မဟာ ၈ အင်းတော်ကြီးဒေသ၊ တပ်ရင်း (၅) နယ်မြေ Ga Hkyeng Bum ချောင်းဝမှ ထွက်ခွာလာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့နံနက် ၆ နာရီခန့်တွင် KIA နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မင်းကျောင်းကုန်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရပြီး တိုက်ပွဲအသေးစိတ်နှင့် နှစ်ဖက် ထိခိုက်မှုကို ကနဦး မသိရှိရသေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ နယ်မြေရှိ Nam Hkawng၊ Man Lwi ရွာဟောင်းဘက်သို့ ယမန်နေ့ မတ်လ ၂၂ ရက် နံနက် ၇ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ ခမရ ၃၅၅ တပ်က အင်အား ၁၀၀ ခန့်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲဖြစ်ရာသို့ မုံးပေါ်ရှိ စစ်ကောင်စီစခန်းက လက်နက်ကြီးပစ်ကူများ ပစ်ခတ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်များတွင် ရေးသားဖော်ပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article