23 C
Yangon

မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီနှင့် ပတ်သက်ဆက်စပ်ခြင်းမပြုရန် ဒေလီအခြေစိုက် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများသို့ India for Myanmar အဖွဲ့ အိပ်ဖွင့်ပေးစာပေးပို့

Must read

ရန်ကုန်၊ မတ် ၂၃

မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီနှင့် ပတ်သက်ဆက်စပ်ခြင်းမပြုရန် နယူးဒေလီအခြေစိုက် BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများသို့ India for Myanmar အဖွဲ့က ယနေ့ မတ်လ ၂၃ ရက်နေ့တွင် အိပ်ဖွင့်ပေးစာပေးပို့ကြောင်း သတင်းရရှိသည်။

ကမ္ဘာတဝန်းရှိ အဖွဲ့ပေါင်း ၁၃၆ ဖွဲ့ လက်မှတ်ရေးထိုးထားသော အိပ်ဖွင့်ပေးစာတွင် မြန်မာနိုင်ငံတွင်း လူမျိုးတုန်းသတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်ကောင်စီနှင့် ဆက်စပ်လုပ်ကိုင်ခြင်းမပြုရန်၊ မြန်မာနိုင်ငံသားများ၏ နွေဦးတော်လှန်ရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို လေးစားအသိအမှတ်ပြုရန်၊ လက်ရှိ မြန်မာနိုင်ငံတွင်း အခွင့်အရေးချိုးဖောက်ခံနေရသော မြန်မာနိုင်ငံသားများအရေးကို BIMSTEC အစည်းအဝေးတွင် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချရန် ပါရှိသည်။

ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ပါဝင်သော BIMSTEC ဒေသတွင်းအဖွဲ့အစည်းများ၏ ၂ နှစ် ၁ ကြိမ် အစည်းအဝေးကို လာမည့် မတ်လ ၃၀ ရက်တွင် သီရိလင်္ကာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article