25 C
Yangon

ရေစကြို ခလရ ၂၅၆ ယာယီတပ်ရင်းမှူး ဗိုလ်မှူးထွန်းထွန်းနိုင်ကို ရဲဒုတပ်ကြပ်သိန်းထိုက်နှင့်အဖွဲ့က ပစ်သတ်၊ ရဲ ၁ ဦးနှင့် စစ်သား ၁ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၂၄

မန္တလေးတိုင်း၊ မြင်းခြံ-မြို့သာလမ်းပေါ်တွင် မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် ခလရ ၂၅၆ ယာယီတပ်ရင်းမှူး ဗိုလ်မှူးထွန်းထွန်းနိုင်ကို ကုက္ကဲရဲကင်းစခန်းမှ ဒုတပ်ကြပ်သိန်းထိုက်နှင့်အဖွဲ့က ပစ်သတ်လိုက်ကြောင်း ရဲသတင်းရပ်ကွက်ထံမှ သိရှိရသည်။

“ကျနော်တို့ကြားတာကတော့ စစ်ဆေးရေးဂိတ်မှာ ရဲနဲ့စစ်တပ် စကားများရာက ပစ်ခတ်မှုဖြစ်တယ်လို့ကြားပါတယ်။ အဝေမတည့်လို့ ပစ်ခတ်မှုဖြစ်တယ်လို့လည်းကြားတယ်” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

တပ်နှင့်ရဲဘက်သို့ အကြောင်းကြားသော ကြေးနန်းစာတွင်မူ မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မိုးမြင့်၏ လမ်းကြောင်းလုံခြုံရေးအတွက် ကုက္ကဲရဲစခန်းမှ ဒုတပ်ကြပ် သိန်းထိုက်ပါ ၆ ဦးက ကျောက်ကန်ကျေးရွာှနင့်သစ်ရုံကျေးရွာအကြား လုံခြုံရေးဆောင်ရွက်စဉ် မြင်းခြံမှ မြို့သာသို့ မောင်းနှင်လာသော MDY-1-4295 ဟွန်ဒါဖစ် အဖြူရောင်ကို စစ်ဆေးရန် တားဆီးစဉ် မရပ်ဘဲ မောင်းနှင်သွားကြောင်း သိရှိရသည်။

ယင်းနောက် ရဲဒုတပ်ကြပ်သိန်းထိုက်နှင့်အဖွဲ့က ဆိုင်ကယ်များဖြင့် အဆိုပါ ဟွန်ဒါဖစ်ယာဉ်ကို လိုက်လံ ပစ်ခတ်ရာ ယာဉ်ပေါ်မှာ ပစ္စတိုဖြင့် ပြန်လည် ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲတပ်သား ကျော်စိုးမင်း ထိမှန်ပြီး ဆိုင်ကယ်လမ်းဘေးသို့ လဲကျသွားကြောင်း၊ ထို့ကြောင့် ရဲဒုတပ်ကြပ်သိန်းထိုက်နှင့်အဖွဲ့က သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်ရာ ခလရ ၂၅၆ ယာယီတပ်ရင်းမှူး ဗိုလ်မှူးထွန်းထွန်းနိုင်မှာ နောက်စေ့ကျည်ထိပြီး သေဆုံးသွားကြောင်း၊ အတူလိုက်ပါလာသော ခလရ ၂၅၆ မှ တပ်သား ထွန်းအောင်နိုင်စိုးမှာ ယာလက်ဖျံဖောက်ဝင်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article