ရန်ကုန်၊ မတ် ၂၄
မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ် ဖွဲ့များနှင့် ပျူစောထီးအဖွဲ့ ၁ဝဝ ကျော်ခန့် တပ်စွဲထားသော စခန်းကို မတ်လ ၂၄ ရက်နေ့ ည ၉နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၁၇ ဦး သေဆုံးခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးအဖွဲ့များသည် သရက်ကန်ရွာတွင် တပ်စွဲ နေထိုင်နေခြင်းဖြစ်ပြီး ဒေသခံ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များဖြစ်သော ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ နှင့် မြိုင်နယ် တောင်ပိုင်း တော်လှန်ရေး အင်းအားစုများက လက်နက်ကြီးများ လက်နက်ငယ်များဖြင့် ပိတ်ဆို့ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ပွဲအတွင်း စစ်သားနှင့် ပျူစောထီး ၁၇ ဦးသေဆုံးခဲ့ကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူများ ရုပ်အလောင်းများကို သရက်ကန်ကျေး ရွာ သုဿာန်တွင် မြေမြုပ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်သို့ ရေဦးဘက်မှ အင်အား ၈၀ ကျော်ပါ စစ်တပ်စစ် ကြောင်း သည် ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် မူးမြစ်ကို ဖြတ်ကျော်၍ ဝင်ရောက်လာပြီး ယာတော်ကျေးရွာမှ PDF ရဲဘော် လုံခြုံရေး ကင်းသမား၂ ဦးကိုဆိုင်ကယ်နှင့်အတူ ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်သွားကြောင်း သိရှိရသည်။
စစ်တပ်က သတ်ဖြတ်သွားသူ နှစ်ဦးမှာ ယာတော်ကျေးရွာမှ PDF ကင်း ထောက် ရဲဘော်၂ ဦးဖြစ်ပြီး ကိုသိန်းအေး အသက် ၃၂ နှစ်၊ ကိုမောင်အေး အသက် ၄၀ နှစ် တို့ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ-မကွေးမှ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့များ။