29 C
Yangon

ဖားကန့်မြို့မရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲ ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြို့မရဲစခန်း ထဲရှိ စစ်ဆေးရေး ဂိတ်ကို မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီ ခန့်အချိန် ဗုံး ပစ်ခံရပြီး ရဲ ၃ ဦး သေဆုံး ကြောင်း ကနဦး သိရသည်။

“ရဲ ၃ ဦးသေတယ်လို့သိရတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောဆိုသည်။

ဖားကန့်ရဲစခန်းဂိတ် ဗုံးကွဲ မှုဖြစ်ပေါ်ပြီး နောက် ဖားကန့် ရဲစခန်း မှ ရဲများက ဖားကန့် တံတား ရှေ့ကို ပိတ် ဆို့ကာ ပြည်သူများကို စစ်ဆေးရေး တင်းကျပ်နေကြောင်း၊ မတ်လ ၂၂ ရက်နှင့် ၂၃ ရက် နေ့ နံနက် ၉ နာရီ ခန့်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက ဖားကန့် ရဲ စခန်းရှေ့ တွင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးရေး တင်းကျပ်ခဲ့ပြီးနောက် ယနေ့ ညနေပိုင်းတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖားကန့်မြို့မရဲစခန်း။

Photo – CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article