ရန်ကုန်၊ မတ် ၂၄
လက်ပံတောင်းတောင်ဒေသတွင် ပြည်သူများ စုပေါင်း၍ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းကို “အမှောင်ကျနေတဲ့ငါတို့တိုင်းပြည် ညီညွတ်အင်အားနဲ့ထွန်းလင်းကြစို့”ခေါင်းစဉ်ဖြင့် သပိတ်ကို ယနေ့ မတ် ၂၄ တွင် ချီတက်ခဲ့ကြပြီး ဒီပဲယင်း သပိတ်ကော်မတီဝင်များလည်း လာရောက်ပူးပေါင်းဝန်းရံခဲ့ကြသည်။