25 C
Yangon

KNU နှင့်စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင် ဒဏ်ရာရ စစ်သားအရေ အတွက်များပြား

Must read

ရန်ကုန်၊ မတ် ၂၄

ကရင်ပြည်နယ်တွင် KNU နှင့်စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကြောင်း KNU သက်ဆိုင်ရာခရိုင်များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်တွင် ယနေ့ မတ်လ ၂၄ ရက်နေ့ ရွှေဒိုးရွာသချိုင်းကုန်းအနီးတွင် မွန်းလွဲ ၃ နာရီ ၄၆ မိနိစ်အချိန် အာဏာ သိမ်းစစ်ကောင်စီတပ် (တပ်မ- ၂၂) တပ်နှင့် KNLA- တပ်ရင်း (၁၇) လက် အောက်ခံတပ်တို့နှင့် မိနစ်အနည်းငယ်ကြာ ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ (၂)ဦးသေဆုံးကာ၊ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

အလားတူ ယမန်နေ့ မတ်လ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန် မော်လမြိုင်မှ တက်လာသည့် အာဏာသိမ်း စစ်ကောင်စီ တပ်မ-၂၂ ၏ ၆ ဘီးကား ၅ စီး၊ ၄ ဘီးကား ၁ စီးကို KNLA တပ်ရင်း ၁၇ လက်အောက်ခံတပ်က သံပုရာကျေးရွာအပြင်ဘက်တွင် တိုက်ခိုက်ရာ ယင်းတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးကြောင်း၊ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါ အဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ် မူတြော်ခရိုင် မထောရွာ အနီးရှိ လမ်းဖောက်လုပ်နေသည့် အကြမ်းဖက် စစ်တပ် စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့များကို လုံခြုံရေး ယူပေးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကြောင်းများကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၂၃ ရက်နေ့၊ နံနက် ၉နာရီ ၄၀မိနစ်ခန့်တွင် မထောရွာအနီးရှိ လမ်း ဖောက် လုပ်နေသည့် အကြမ်းဖက် စစ်ကောင်စီ စစ်မြေပြင် အင်ဂျင်နီယာ တပ်များကို လုံခြုံရေးရယူပေးသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို KNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁နာရီခန့်တွင် မထော၊ ဖားလုံးကြီးနှင့်အုန်းတောလမ်းဆုံတွင် ထပ်မံ ပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၁နာရီ ၃ဝမိနစ်တွင် တံတားဦး၌ ကရင် အမျိုးသား လွတ်မြောက် ရေး တပ်မတော် KNLA တပ်မဟာ၅က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ မသိရှိရသေးကြောင်း KNU – မူတြော် သတင်းစဉ်က ထုတ်ပြန်ထားသည်။

အလားတူ မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ကျူလူ(ထင်းရှူးကုန်း)၌ ရေခတ် ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ညနေ ၄နာရီခန့်တွင် ဘူးဖိုးကျိုး၌လည်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို KNLA က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ မသိရှိရသေးကြောင်း KNU – မူတြော် သတင်းစဉ်မှ သိရသည်။

ဓာတ်ပုံ- KNU စစ်သား ၁ ဦး။

Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article