25 C
Yangon

မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို မဟာမိတ်တပ်ပေါင်းစုက ယနေ့ည ဝင်တိုက်၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးနိုင်

Must read

ရန်ကုန်| မတ် ၂၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ကျောက်တိုင်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ညီနောင် မဟာမိတ် ၄ဖွဲက ဒီနေ့ည ၇နာရီခွဲခန့်မှာ ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦး အပြင်းအထန် ထိခိုက်ခဲ့ပြီး အဲဒီထဲက နှစ်ဦးသေဆုံးနိုင်ခြေရှိတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊ မြောင်မြို့နယ် တော်လှန်ရေးတပ်၊ ဇာမဏီ ပြောက် ကျားတပ်၊ Knight Commanders တပ် ညီနောင် မဟာမိတ် ၄ဖွဲ့က စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မဟာမိတ်ရဲဘော်တွေ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တော့ အင်အား ၅၀ ခန့်နဲ့ မြင်းမူမြို့အတွင်း လှည့်လည်းရမ်းကားနေတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“မြို့ပေါ်မှာတော့ စစ်ဖြစ်နေတဲ့အတိုင်းပဲ ပစ်နေ ခတ်နေတာ။ စစ်တပ်က ” လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

ဓာတ်ပုံ-မြင်းမူမြို့လယ်ရှိ လွတ်လပ်ရေးကျောက်တိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article