26 C
Yangon

ဖားကန့်တွင် စစ်အာဏာရှင်ချေမှုန်းရေး နှင့် KIA PDF NUG ထောက်ခံကြောင်း ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ မတ် ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင်ချေမှုန်းရေး နှင့် KIA PDF NUG ထောက်ခံကြောင်း ချီတက် ဆန္ဒပြကြသည်။

မတ်လ ၂၅ ရက်နေ့တွင် အင်တာနက်ဖြတ်တောက်ခံထားရတာ ၇လ ကျော် ရှိလာပြီ ဖြစ်သည့် ဖားကန့်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံး တီး သပိတ် နှင့် KIA PDF NUG ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြပြည်သူများက KIA PDF တိုက်ပွဲ တိုင်းမှာနိုင်ပါစေဟု ဆုတောင်း ပေး ခဲ့ကြပြီး NUG အစိုးရ ဒို့အစိုးရ ၊ အားတင်းထားပါ KIA မင်းတို့နဲ့အတူ ဖားကန့် ရှိတယ် ၊ အားတင်းထားပါ PDF မင်းတို့နဲ့ အတူ ဖားကန့်ရှိတယ် ၊ဖက်ဒရယ် ပြည် ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေး ဒို့အရေး ၊ အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့်မရစေရ၊ အင်တာနက် ဖြတ် တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုး နဲ့ သေပါစေ၊ နွေဦးတော်လှန်ရေး အရေး တော်ပုံအောင်ကို အောင်ရမည်ဟု ကြွေးကြော်ချီတက် သပိတ် မှောက်ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article