ရန်ကုန်၊ မတ် ၂၆
ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ် မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီ ၃၀၀ ဝန်းကျင် ဟိုပင်မြို့ဘက်သို့ ထိုးစစ်ဆင်လာသဖြင့် ဟိုပင် KPDF အပါအဝင် ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဟိုပင် PDF က သတင်းထုတ်ပြန်သည်။
ဟိုပင် PDF ဘက်မှလည်း ပြည်သူ့ရဲဘော် ၅ ဦး ကျဆုံးခဲ့ရပြီး ယင်းတိုက်ပွဲတွင် စစ်တပ်က လေကြောင်းဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မတ်လ ၂၅ ရက်နေ့ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာ နှင့် ဇီးဖြူကုန်းရွာရှိ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို C&T SHWEBO, SNAKE EYES-PDF, PEOPLE DEFENCE FORCE SHWEBO, ALPHA-7 နှင့် တပ်ပေါင်းစု(၂) တို့က သွားရောက် တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း C&T SHWEBO ၊ဗိုလ်မိကျောင်းအဖွဲ့ နှင့် ကျားပျံအဖွဲ့က ပြောဆိုသည်။