ရန်ကုန်၊ မတ် ၂၆
ယနေ့ မတ်လ ၂၆ ရက်နေ့ မြန်မာပြည်ရဲ့အညာဒေသတချို့တွင် ပိတောက်ပန်းများ ဝေဆာစွာ ပွင့်ဖူးကြပြီး အာဏာရှင်ကိုနေ့စဥ်နဲ့အမျှ ဆန့်ကျင်တဲ့ လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်းက ပိတောက်ပန်းများနှင့်အတူ ပိတောက်သပိတ်ကိုလည်း ဆင်နွှဲခဲ့ကြသည်။
သပိတ်စစ်ကြောင်းက “ပိတောက်ပန်းတွေလည်း ဝေ၊ အာဏာရူးတွေလည်း သေ” စသည့် အာဏာရှင်ကိုဆန့်ကျင်သော ကြွေးကြော်သံများဖြင့် ချီတက်ကြသည်။