ရန်ကုန်၊ မတ် ၂၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့ တွင် မတ်လ ၂၇ ရက်နေ့က ပြည်သူ ၅၀၀ ခန့်ကဖားကန့် လူထု သပိတ် အေးမြ သာယာ သပိတ်စစ်ကြောင်း တွင် ကျဆုံးခဲ့သော အသက် ၁၉ နှစ် အရွယ် ကို သန့်ဇော် (ခ) ပြားကြီး ကျဆုံးခြင်း ၁နှစ် ပြည့်ဝမ်းနည်း ခြင်း သပိတ် နှင့် KIA PDF NUG ထောက်ခံပွဲ ကို ယနေ့ ပြုလုပ်ကြသည်။
ဆန္ဒပြ ပြည်သူများ က ကိုသန့်ဇော် ကို အလေးပြုခဲ့ကြပြီး ကိုသန့်ဇော်နှင့် တကွ နွေဦးတော်လှန်ရေး တွင် ကျဆုံးခဲ့ သော သူရဲကောင်းများ အားလုံး ကောင်းရာ သုဂတိ လားပါစေဟု ဆုတောင်းပေးခဲ့ကြသည်။
အသက် ၁၉ နှစ် အရွယ် ကို သန့်ဇော် (ခ) ပြားကြီးမှာ ၂၀၂၁ မတ် လ ၂၇ ရက်နေ့ ဖားကန့် အေးမြသာယာ သပိတ် စစ်ကြောင်းတွင် စကစ အဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ဦးခေါင်း ကျည်ထိ မှနိကာ ကျဆုံးခဲ့ရခြင်းဖြစ်သည်။
ဖားကန့်မြို့ လူထု သပိတ် တိုက်ပွဲ အတွင်း ပြည်သူ ၃ဦး သေနတ် ဖြင့် ပစ်သတ်ခံ ခဲ့ရကာ ၅၀ ဦး ခန့် ဖမ်းဆီးခံခဲ့ရသည်။
ဆန္ဒပြ ပြည်သူများက နွေဦး သူရဲ ကောင်းများ အားလုံး ကောင်းရာသုဂတိလားပါစေ ၊ KIA PDF တိုက် ပွဲ တိုင်းမှာ နိုင်ပါစေ ၊NUG အစိုးရ ဒို့အစိုးရ ၊ အကြမ်းဖက်စစ်တပ် လုံးဝ အုပ်ချုပ်ခွင့်မရစေရ ၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊အင်တာနက် ဖြတ် တဲ့ မင်းအောင်လိုင် အဖွဲ့ အသေ ဆိုးနဲ့ သေပါစေ၊ နွေဦးတော်လှန်ရေး အရေး တော်ပုံ အောင်ကို အောင်ရမည် ဟု ကြွေးကြော်ချီ တက်ခဲ့ကြသည်။




