ရန်ကုန်၊ မတ် ၂၇
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)က ဦးဆောင်သည့် ကျေးရွာပြည်သူလူထုသပိတ်စစ်ကြောင်းသည် “ဖက်ဆစ်ဝါဒတိုက်ဖျက်ကြ၊ ပြည်သူ့ဒီမိုကရေစီတည်ဆောက်ကြ” ဘန်နာစာတန်းများ ကိုင်ဆောင်ကာ အညာမြေကိုယ်စားပြုသည့် ထန်းတက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်မှောက် ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။



