31 C
Yangon

BIMSTEC ထိပ်သီးညီလာခံသို့ မင်းအောင်လှိုင်စစ်ကောင်စီကို မဖိတ်ကြားရန် သီရိလင်္ကာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆို

Must read

ရန်ကုန်၊ မတ် ၂၈

သီရိလင်္ကာနိုင်ငံတွင် မတ်လ ၃၀ ရက်၌ ကျင်းပမည့် BIMSTEC (၅) ကြိမ်မြောက် ထိပ်သီးညီလာခံသို့ မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီကို ဖိတ်ကြားခြင်းမပြုရန် နယူးဒေလီရှိ၊ သီရိလင်္ကာသံရုံးရှေ့တွင် India for Myanmar အဖွဲ့က မတ်လ ၂၇ ရက်နေ့တွင် ဆန္ဒပြ ဖိအားပေး တောင်းဆိုကြသည်။

India 4 Myanmar သည် သီရီလင်္ကာနိုင်ငံ အပါအ၀င် BIMSTEC အဖွဲ့၀င်နိုင်ငံများသို့ စစ်ကောင်စီအား မြန်မာနိုင်ငံကိုယ်စားပြုအစိုးရအဖြစ် ဖိတ်ကြားမှုအပေါ် ကန့်ကွက်သည့် အိတ်ဖွင့်ပေးစာများ ပေးပို့ခြင်းကို ဖေဖော်၀ါရီ လ ကတည်းက ဆောင်ရွက်ခဲ့ကြပြီး မတ်လ (၂၃) ရက်နေ့တွင်လည်း ကမ္ဘာအရပ်ရပ်ရှိ အရပ်ဘက်အဖွဲ့အစည်း ၁၃၆ ဖွဲ့၏ ကြေညာတောင်းဆိုချက်အား ထုတ်ပြန်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကြောင့် India 4 Myanmar အဖွဲ့သား ၂၁ ဦးကို အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့က ၁၀ နာရီကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း India for Myanmar အဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article