27 C
Yangon

ချောင်းဦး၊ အင်းမကျေးရွာတွင် စစ်တပ်က ၂ ရက်တာ တပ်စွဲပြီး ဘုန်းကြီး ကျောင်းအပါအဝင် လူနေအိမ်များ၊ လူနာတင်ကား၊ ဆိုင်ကယ်များကို ဖျက်ဆီး မီးရှို့သွား

Must read

ရန်ကုန်၊ မတ် ၂၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အင်းမကျေးရွာတွင် စစ်ကောင်စီတပ်များက မတ်လ ၂၆ ရက်နေ့မှ စတင် ဝင်ရောက်စီးနင်းပြီး ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်များကို ဖျက်ဆီး မီးရှို့သွားကြောင်း ချောင်းဦး ဆရာတော်က မိန့်ကြားသည်။

“ဆုံးရှုံးမှုတွေက ဘုန်းကြီးကျောင်းထဲက လူနာတင်ကားတစ်စီး၊ ဆိုင်ကယ် ၁၁ စီး၊ PDF တွေကို လက်ခံလို့ဆိုပြီး တိုက်တစ်လုံးကို မီးရှို့ဖျက်ဆီးတယ်။ အိမ်တိုင်းစေ့အကုန်မွှေနှောက်ဖျက်ဆီးသွားတယ်။ ခုမနက် တော့ တပ်ပြန်ဆုတ်သွားပြီ ပုဂံတွေရိုက်ခွဲတယ်။ ကြက်တွေသတ် စားတယ်။ ဖုန်းပြင်တဲ့အိမ်မှာ ပြင်ဖို့အပ်ထားတဲ့ဖုန်းတွေအကုန်ရိုက်ခွဲတယ်။ စောင်တွေ အပြင် ထုတ်ခြုံပြီး အိမ်ထဲက ပန်ကာတွေနဲ့ကျကျနနအိပ်သွားတယ်။ အရက်ပုလင်းတွေအမြည်းတွေကျန်ခဲ့တယ်။ ရွာထဲမှာ လူ ၆ ဦးကို ဖမ်းပြီး တစ်ဦးကို ရိုက်နှက်တယ်။ ကွမ်းခြံတွေမီးရှို့သွားတယ်။ သူတို့ ထွက်သွားပေမယ့် ရွာက ပြည်သူတွေက မပြန်ရဲသေးဘူး” ဟု ချောင်းဆရာတော်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article