28 C
Yangon

သထုံမြို့နယ်ရှိ စစ်ကောင်စီစခန်း ၂ ခုကို KNLA ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်သား ၆ ဦးသေဆုံး ၃ ဦး ဒဏ်ရာရ၊ မိုးညှင်းတွင် KIA ပူးပေါင်းတပ်က နယ်မြေရှင်းလင်းစဉ် ရဲများနှင့် မူးယစ်ဆေးရောင်းချသူများကို အတူဖမ်းမိ

Must read

ရန်ကုန်၊ မတ်လ ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ အမှတ် (၈) ရှေ့တန်းကွပ်ကဲရေးဌာနချုပ်အထိုင်စခန်းနှင့် ရှေ့တန်းစခန်း ၂ ခုကို KNLA ပူးပေါင်းအဖွဲ့က မတ်လ ၂၆ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီစခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁) တပ်ရင်း (၂) တပ်ဖွဲ့၊ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအင်အားစု TPDF၊ People’s Force နှင့် သထုံပြည်သူ့ပြောက်ကျားများ TPG ပူးပေါင်းအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ KNLA ပူးပေါင်းအဖွဲ့ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း TPG က သတင်းထုတ်ပြန်ထားသည်။

အလားတူ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မကွေး PDF တို့က ယနေ့ မတ်လ ၂၈ ရက်တွင် နယ်မြေရှင်းလင်းနေစဉ် စစ်ကောင်စီလက်ပါးစေ ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ ရဲသတင်းပေး ၂ ဦး၊ မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေသူများကို မူးယစ်ဆေးများနှင့် ဖမ်းဆီးရမိခဲ့ကြောင်း မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိသော စစ်ကောင်စီလက်ပါးစေ ရဲများ၊ သတင်းပေးများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများကို အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – သထုံပြည်သူ့ပြောက်ကျားများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article