35 C
Yangon

ဘီးလင်းတိုးဂိတ်အဟောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို KNU နှင့် PDF ပူးပေါင်းတပ်က ဝင်ပစ်

Must read

ရန်ကုန်၊ မတ် ၂၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းတိုးဂိတ်အဟောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ည ၆ နာရီခွဲကျော်အချိန်တွင် ဝင်ရောက်ပစ်ခတ်သဖြင့် စစ်ကောင်စီဘက်မှ ထိခိုက်သေ ဆုံးမှုရှိကြောင်း KNU သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“ဘီးလင်းအဝင် တိုးဂိတ် အဟောင်းကို ပစ်နေပြီ။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုရှိတယ်။ ကျဆုံး ထိခိုက် မသိရသေးဘူး။ တိုက်ပွဲက ဘယ်လောက်သလဲမသိသေးဘူး” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ယနေ့နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် ဘီးလင်းမြို့နယ်ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုလည်း KNU တပ်မဟာ ၁ က ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- ဘီးလင်းတိုးဂိတ်အဟောင်း(ပုံဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article