31 C
Yangon

မြိုင်မြို့နယ် ဗဟင်း ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက် စစ်တပ်က ထိခိုက်သေဆုံးမှု များသောကြောင့် ရဟတ်ယာဉ် ၃စီးဖြင့် ပြန်လည် ပစ်ခတ်

Must read

ရန်ကုန်၊ မတ် ၂၈

မကွေးတိုင်း မြိုင်မြို့နယ် ဗဟင်းမြို့မရဲစခန်းကို ယနေ့ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၃နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ရဲများ ထိခိုက် သေဆုံးမှု များသောကြောင့် PDF တပ်ဖွဲ့များကို စစ်တပ်က ရဟတ်ယာဉ် ၃စီးဖြင့် လိုက်လံ ပစ်ခတ်နေကြောင်း PDF တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ဗဟင်းမြို့မ ရဲစခန်းကို ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ လွှတ်မြောက်ရေး တပ်မတော် PRA အပါအဝင် မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုများသော်လည်း အရေအတွက် မသိရသေးကြောင်း PDF တပ်ဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article