25 C
Yangon

ပုလဲမြို့နယ်တွင် စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းအဖွဲ့ကို မြန်မာ့တော်ဝင်နဂါးတပ်မတော်က ၃ ကြိမ်တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၂၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် မတ်လ ၂၇ ရက် ယမန်နေ့ညနှင့် ယနေ့နံနက်၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ၊ လက်ပါးစေ ပျူစောထီးတပ်ဖွဲ့များကို မြန်မာ့တော်ဝင်နဂါးတပ်မတော် MRDA က ၃ ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးကာ အများအပြားဒဏ်ရာရကြောင်း MRDA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ည ၆ နာရီခန့်တွင်ပုလဲမြို့၊ ဇီးဖြူကုန်းကျေးရွာအတွင်းရှိ ပျူစောထီးစခန်းကို MRDA က လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ဦးနှင့် ပျူစောထီး ၁ ဦးသေဆုံးသွားကြောင်း MRDA က ဆိုသည်။

ယနေ့ နံနက် ၉ နာရီခန့်တွင် ဇီးဖြူကုန်းရွာပြင်သို့ ကင်းလှည့်ထွက်လာသော အင်အား ၃၀ ခန့်ပါ ပျူစောထီးတပ်ဖွဲ့နှင့် MRDA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် ပျူစောထီး ၃ ဦး သေဆုံးကာ နောက်ပြန်ပြေးစဉ် မိုင်းများနင်းမိပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း၊ နံနက် ၁၁ နာရီခန့်တွင် ကျေးနင်းကြီးကျေးရွာတွင် ညအိပ်တပ်စွဲထားသော အင်းအား ၆၀ ခန့် စစ်ကောင်စီတပ်ဖွဲ့ကို ကြောင်သန်းရွာနှင့် မကျီးကုန်းရွာကြားတွင် MRDA တပ်ဖွဲ့က ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း MRDA က သတင်းထုတ်ပြန်သည်။

အဆိုပါ ထိတွေ့တိုက်ပွဲများတွင် MRDA ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့သည်ဟု မြန်မာ့တော်ဝင်နဂါးတပ်မတော် MRDA ကထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article