25 C
Yangon

ဘီးလင်းတွင် စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်တပ်က ရမ်းပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ကျည်ထိမှန်

Must read

ရန်ကုန်၊ မတ် ၂၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် အကြမ်း ဖက်စစ်ကောင်စီ၏ ၄၁ စီးပါ စစ်ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ တပ်ဖွဲ့များက ယနေ့ မတ်လ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် ပြောက်ကျားဝင်ရောက်တိုက်ခိုက်၍ စစ်သား အနည်းဆုံး ၁ ဦး ကျည်ထိမှန် ဒဏ်ရာရကြောင်းသတင်းရရှိသည်။

စစ်ကောင်စီ၏ ၄၁ စီးကားတန်းကို ဘီးလင်းမြို့နယ်၊ ချောင်းပြန့်ကျေးရွာအနီးတွင် လက်နက်ငယ်ဖြင့် ၁ ကြိမ်ဝင်ရောက်ပစ်ခတ်ကြောင်း၊ သထုံမြို့နယ်အစပ် ကမာစိုင် အနီးတွင် ၁ ကြိမ် ပစ်ခတ်ကြောင်း၊ စစ်သား ၁ ဦးမှာ ဗိုက်တွင် ကျည်ထိကြောင်း၊ အခြားထိခိုက်သူများလည်း ရှိနိုင်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်ရမ်းသန်းပစ်ခတ်သဖြင့် ကမာစိုင်ကွက်သစ်ရှိ အမျိုးသမီး ၁ ဦး ကျည်ထိမှန် ဒဏ်ရာရကာ သထုံဆေးရုံသို့ ပို့ဆောင်ထားရကြောင်းလည်း သိရှိရသည်။

အဆိုပါ ကျိုက်ထို-သထုံ-မော်လမြိုင် လမ်းပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပွားနေသဖြင့် ခရီးသွားကားများ ရပ်တန့်ထားရကြောင်းလည်း သိရှိရသည်။

ဓါတ်ပုံ – ယနေ့တိုက်ပွဲကြောင့် ကျိုက်ထို-သထုံ ကားလမ်းပေါ် ရပ်ထားသည့် ခရီးသွားကားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article