ရန်ကုန်၊ မတ် ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် ယနေ့ ည ပေါက်ကွဲသံ ၃ ချက်ထွက်ပေါ်လာပြီးနောက် စစ်ကားများ ရှုပ်ယှက်ခတ်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မတ်လ ၂၉ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်နှင့် စီတာပူရပ်ကွက်တို့တွင် ပေါက်ကွဲသံ ၃ ချက် ဆက်တိုက်ထွက်ပေါ်လာခြင်းဖြစ်ပြီး စစ်ကားများ အသွားအလာ ရှုပ်ယှက်ခတ်နေကြောင်း သိရှိရသည်။
“မြစ်ကြီးနားမှာ အခု ပေါက်ကွဲသံ သုံးချက် ကြားရတယ်။ အကျယ်ကြီးပဲဗျ။ ပေါက်ကွဲသံ ၃ ချက်က ဆက်တိုက်ပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ-မြစ်ကြီးနားမြို့လယ်ခေါင် မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)