26 C
Yangon

မြ၀တီ-ဝေါ်လေ လမ်းမကြီးပေါ်တွင် စစ်တပ်နှင့် KNLA တပ်ပေါင်းစု တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး၊ တိုက်ပွဲများအကြား အရပ်သားကားများ ကြားညပ်ပြီး မီးလောင်

Must read

ရန်ကုန်၊ မတ် ၂၉

ကရင်ပြည်နယ်၊ မြ၀တီ-ဝေါ်လေ လမ်းမကြီးဘေးရှိ ပလယ်ဒိုကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် KNLA တပ်ပေါင်းစုများ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

မြဝတီ – ဝေါ်လေ ဆက်သွယ်ထားသော လမ်းမကြီးပေါ်ရှိ ပလယ်ဒို ရွာအနီးသို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား ယနေ့ နေ့လည်ပိုင်း တပ်ပေါင်းစုက ခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကြောင်း၏ လက်ဖြောင့် စနိုက်ဘာစစ်သည်များ၏ စွမ်းဆောင်မှုဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး (၆) ဦး ထိခိုက် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိ မြ၀တီ-ကော့ကရိတ်၊ မြ၀တီ-ဝေါ်လေ လမ်းပိုင်းကို KNU က ပိတ်ပင်ထားသော်လည်း ကားများ ဖြတ်သန်းမှုရှိသဖြင့် တိုက်ပွဲများအကြား ကြားညှပ်ကာ မီးလောင်မှုများ ထိခိုက်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article