ရန်ကုန်၊ မတ် ၂
ဝက်လက်မြို့အရှေ့ခြမ်းရှိ ဟံလင်းကျေးရွာ၊ ဆားတောင်ကြီးကျေးရွာ၊ သောက်ရေကန်ကျေးရွာ၊ သရိုင်ကျေးရွာ၊ သစ်ဆိမ့်ကျေးရွာများ အနီးဝန်းကျင်ရှိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစုပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်များကို ဒေသကာကွယ်ရေးအဖွဲ့တခုဖြစ်သည့် ဖောင်းဒိုင်တပ်ဖွဲ့က ဂွရှင် တလက်ဖြင့် ဖြိုချ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။စစ်အာဏာရှင်တော်လှန်ရေးအတွက် လက်နက်ခဲယမ်းထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် Mytel တာဝါတိုင်မှ ကုန်ကြမ်းပစ္စည်းများကို နီးစပ်ရာ တော်လှန်ရေးအဖွဲ့များထံ မျှဝေပေးခဲ့သည်ဟု ဖောင်းဒိုင်းတပ်ဖွဲ့က ယနေ့ မတ်လ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။အဆိုပါ ကုန်ကြမ်းပစ္စည်းများကို လက်နက်ခဲယမ်းထုတ်လုပ်ရန်အတွက် လိုအပ်လျှင် ဆက်သွယ်နိုင်သည်ဟု ဖောင်းဒိုင်းတပ်ဖွဲ့က ဖိတ်ခေါ်ထားသည်။