ရန်ကုန်၊ မတ် ၂
မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် အတွင်းရှိ လယ်ယာရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၂ရက်နေ့ ည ၉နာရီ ၃ဝမိနစ်ခန့်တွင် စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ နယ်မြေ သတင်းရစ်မြစ် ဖြစ်သော Pakokku city and University News အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် လက်ရှိချိန်တွင် ကျေးရွာအတွင်း သေနတ်များ ပစ်ဖောက်နေပြီး ဖုန်းလိုင်း၊ အင်တာနက် လိုင်းများပါ ဖြတ်တောက်ခံထားရကြောင်း သိရသည်။” ရွာကိုဝင်စီးပြီး မီးရှို့နေတာ သေနတ်တွေ တောက်လျှောက်ဖောက်နေတယ်။ ဒေသခံ ပြည်သူတွေကတော့ တကွဲတပြားစီကို ပြေးနေရတယ်။ ဖုန်းအဆက်အသွယ် အင်တာနက် အဆက်အသွယ်တွေပါ အကုန်ဖြတ်တောက်ခံထားရတယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု Pakokku city and University News အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။