25.9 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: March, 2022

မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ညသပိတ်ပြုလုပ်

ရန်ကုန်၊ မတ် ၂၆ မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၂၆ ရက်နေ့တွင် "တောင်တန်းမြေပြန့်အတူချီတက်ဖက်ဆစ်ဝါဒအမြစ်ဖြတ် ငါတို့အားလုံး သွေးမအေးဖက်ဆစ်တော်လှန်ရေး - သံဃသမဂ္ဂ" စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းမာပင် စုန်းချောင်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၆ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၆ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

နေပြည်တော် ပျဉ်မနား အချုပ်ထောင် ကင်းစခန်းရှေ့တွင် “တပ်မတော် အလင်းဝင်ပါ” စာတန်း ချိတ်ဆွဲ

ရန်ကုန်၊ မတ် ၂၆ နေပြည်တော် ပျဉ်းမနားမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ကာ ယနေ့ မတ်လ ၂၆ ရက်နေ့တွင် ပျဉ်းမနား အချုပ်ထောင် ကင်းတဲရှေ့၌ “တပ်မတော် အလင်းဝင်ပါ” စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

သြစတြေးလျတွင် မဲလ်ဘုန်းမြန်မာမိသားစုများက မင်းအောင်လှိုင် စစ်မိစ္ဆာဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ မတ် ၂၆ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိမြန်မာမိသားစုများစုပေါင်းပြီး မဲလ်ဘုန်းမြို့ ဗစ်တိုးရီးယားပြည်နယ်စာကြည့် တိုက်ရှေ့တွင် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုကိုဆန့်ကျင် ဆန္ဒပြပွဲတခုကို ယနေ့ မွန်းလွဲ ၂နာရီတွင် ပြုလုပ်ခဲ့သည်။ထိုဆန္ဒပြပွဲကိုမဲလ်ဘုန်းမြို့တွင် နေထိုင်နေကြသည့် အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများ၊ကျောင်းသူကျောင်းသားများကစီစဉ်ခဲ့ကြပြီး ဩစတေးလျနိုင်ငံအထက်လွှတ်တော်အမတ်၊ ဂရင်းပါတီမှ မစ္စ ဂျဲနက်ရိုက်စ်၊ ဗစ်တိုးရီးယားပြည်နယ်လွှတ်တော်အမတ် ကမ္ဘော...

မန္တလေးသပိတ် အင်အားစုက ” တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် “ကြွေးကြော်သံဖြင့် သပိတ်မှောက်

ရန်ကုန်၊ မတ် ၂၆ တောင်တန်းမြေပြန့် ညီညိီညာညာနဲ့ စစ်အာဏာရူးတွေကို တွန်းလှန့်ဖိုရာ နှိုးဆော်ရင်း ချီတက်လာခဲ့သော မန္တလေးသပိတ် အင်အားစုက ဒီနေ့ညနေပိုင်း စစ်အာဏာရှင် ဖြုတ်ချရေး လှည့်လည်ချီတက် သပိတ်မှောက်ကြပါတယ်။Photo- Poison

တောင်ကြီးတွင် ကရင်နီစစ်ဘေးရှောင်ကူညီသူ ပရဟိတလူငယ် ၆ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်

ရန်ကုန်၊ မတ် ၂၆ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင်ကရင်နီပြည် ဒီမောဆို အနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင်များကို သွားရောက် လှူဒါန်းသည့် ပရဟိတလုပ်ဆောင်နေသည့် လူငယ်ခြောက်ဦးကို မတ်လ ၂၄ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။ဖမ်းဆီး ခံရသူများမှာ အာယုပါလသွေးလှူရှင် အသင်း...

Khit Thit သတင်းဌာန၏ မတ် ၂၆ ရက်နေ့ ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ်လ ၂၆ ရက် ညနေပိုင်း ရရှိထားတဲ့ သတင်းတွေကတော့-ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ် မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ ၃၀၀နီးပါး ဟိုပင်မြို့ဘက်ကို ထိုးစစ်ဆင်လာလို့ ဟိုပင် KPDF အပါအဝင် ပူးပေါင်းတပ်တွေနဲ့ ထိတွေ့...

ဖားကန့်မှော်ပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် ဖြုတ်ချရေးချီတက်

ရန်ကုန်၊ မတ် ၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်လုံးဆိုင်ရာမှော်ပေါင်းစုံသပိတ်စစ်ကြောင်းက ဖက်စစ် စစ်မိစ္ဆာတွေအပြီးတိုင်ကျဆုံး ပျောက်ကွယ် သွားစေဖို့ ဒီနေ့မှာကြွေးကြော် ချီတက်ခဲ့ကြပါတယ် ။

ရန်ကုန်တွင် “တောင်တန်းမြေပြန့် အတူချီတက်၊ ဖက်ဆစ်ဝါဒ အမြစ်ဖြတ်”ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဖြုတ်ချရေး သပိတ်မှောက်

ရန်ကုန်၊ မတ် ၂၆ ရန်ကုန်တွင် မတ်လ ၂၇ရက် ဖက်ဆစ်တော်လှန်‌ရေးနေ့ကို လေးစားဂုဏ်ပြုလျက် ‌တိုင်းရင်းသားလူမျိူးစုံ တောင်တန်းမြေပြန့် သွေးစည်းညီညွတ်စွာဖြင့် ဖက်ဆစ်စစ်အာဏာရှင်နှင့် မတရားဖိနိုပ်မူမှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်‌တော်လှန်ကြရန်၊ မတရား လုပ်အားခေါင်းပုံဖြတ်ခံသည့် Food Panda Riders များဘက်မှ ရပ်တည်ကြောင်း ...

မုံရွာ-အရာတော်၊ ထီးချိုင့်နှင့် တနင်္သာရီတို့တွင် စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၁၉ ဦးထက်နည်းသေဆုံး

ရန်ကုန်၊ မတ် ၂၆ စစ်ကိုင်းတိုင်း မုံရွာ-အရာတော် လမ်းပိုင်းတွင် မတ်လ ၂၅ ရက်နေ့က နံနက် ၆နာရီ ၃ဝမိနစ်၊ နံနက် ၉နာရီနှင့် မွန်းလွဲ ၂နာရီ ၂ဝမိနစ်ခန့်တို့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကားများ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၈ဦးထက်မနည်း...

Latest news

- Advertisement -spot_img