30 C
Yangon

ကန့်ဘလူ အင်ငုပ်တိုရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းမီးရှို့၍ ပြည်သူပိုင် နေအိမ် ၁၂၃လုံး မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၃၀

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်ငုပ်တိုရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ နေအိမ် ၁၂၃လုံး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူ များက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်တပ်သည် ကျေးရွာအတွင်းသို့ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာအတွင်းရှိ ကျွဲ၊ နွား၊ ဝက်များကိုလည်း မီးရှို့သတ်ဖြတ်ပြီး စပါးတင်း ၁သောင်းကျော်နှင့် ဆန်တင်း ၈ဝဝ ကျော်ပါ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

” စစ်တပ်က ရွာကို ၂၉ ရက်နေ့ နံနက်ပိုင်းလောက်က ရွာကို သေနတ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်စီးနင်း မီးရှို့တယ်။ ပြည်သူပိုင် နေအိမ် ၁၂၃ လုံးမီးလောင် ပြာကျသွားတယ်။ မီးရှို့ခံရတဲ့ထဲမှာ စပါးတင်း ၁သောင်းကျော်နှင့် ဆန်တင်း ၈ဝဝ ကျော်လောက်ပါ ပြာကျသွားတယ်။ ကာလတန်ဖိုးနဲ့ဆို သိန်း ၅ဝဝကျော်လောက်တော့ရှိမယ်။ ရွာထဲမှာရှိတဲ့ ကျွဲ၊ နွား၊ ဝက်တွေ အကုန်လုံးကို မီးရှို့သတ်ဖြတ်သွားတယ်။ ပြည်သူတွေအကုန်လုံးကတော့ ရှောင်တိမ်း နေတုန်းပဲ ရွာကိုပြန်မလာကျသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော အင်ငုပ်တိုရွာတွင် အိမ်ခြေ ၃၅ဝခန့်ရှိပြီး လူဦးရေ ၃ထောင်ကျော် နေထိုင်ကာ လက်ရှိချိန်တွင် ပြည်သူ အားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်က အင်ငုပ်တိုရွာနှင့် ၅မိုင်ခန့်အကွာရှိ ပျူစောထီးရွာတွင် တပ်စွဲ ထားသောကြောင့် ကျေးရွာအတွင်းသို့ စစ်တပ်က ထပ်မံ ရောက်ရှိလာမည်ကို စိုးရိမ် လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article